မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား


မြိတ် မေ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက် ဗဟိုလမ်းရှိ ဦးကျောက်စိန် ပိုင်ဆိုင်သော ကွန်ဂရစ်မိုး၊ ကွန်ဂရစ်ကာ၊ ကွန်ဂရစ်ခင်း (၄၀×၅၀) ပေ (၃) ထပ် အဆောက်အဦ မြေညီထပ်ရှိ မီးစက်ခန်း အတွင်း တွင် မေလ (၆) ရက် နံနက် ၃ နာရီ ၅ မိနစ်က ဘထ္ထရီအိုး ရှော့ဖြစ်ပြီး ထွက်ပေါ်လာသော မီးတောက်မှတဆင့် ဆီပိုက်သို့ ကူးစက်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးစီးလျက် မြို့နယ် မီးသတ် စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၃) စီးနှင့် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ် ယာဉ်(၃)စီးဖြင့် သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများမှ ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


မီးစတင်လောင်ကျွမ်းချိန်တွင် မီးစက်တာဝန်ခံ ကိုနေလသည် အိပ်ပျော်နေ သဖြင့် မီးသတ်ဆေးဘူးများ ရှိသော်လည်း ကနဦး မီးငြှိမ်းသတ်ခဲ့ခြင်း မရှိကြောင်း တာဝန်ရှိသူများမှ စစ်ဆေးတွေ့ရှိရပြီး မီးလောင်မှုတွင် တာဝန်ရှိ သူ ကိုနေလအား မြိတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ပ / ၃၃၆ / ၂၀၁၆၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြိတ်ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:51 Rating: 5
Powered by Blogger.