ကသာမြို့ ၌ ကလေးငယ်တဦး သေနတ်ထိမှန် ဒဏ်ရာရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ၊ ၉ ရပ်ကွက်၊ အပိုင်း (၁) ၌ ယနေ့ မေ ၂၀ ရက်နေ့ နေ့လည် ၁ နာရီခန့်အချိန်တွင် မောင်စည်သူမောင် (အသက်၎နှစ်) သည် ကောက်ရသော သေနတ်ဖြင့် ဆော့ကစားနေစဉ် သေနတ်ကျဉ်ဆံ ထိမှန်၍ ကသာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အတူဆော့ကစားနေကြသော ကလေးများသည် ကောက်ရသောသေနတ်ဖြင့် ဆော့ကစားကြစဉ် သေနတ်ကျဉ်ထွက်၍ ထိမှန်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသေနတ်မှာ လုပ်သေနတ်ဖြစ်၍ အရှည် ၁၄ လက်မခန့်ရှိကြောင်း၊ မောင်းကွင်းမှာ သရေကွင်းဖြင့်ဆွဲ၍ပစ်ရပြီး ခဲစေ့ထည့်ပစ်ရသည့် သေနတ်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

မောင်စည်သူမောင်၏ရင်ဘတ်ကို ထိမှန်သွားခြင်းဖြစ်ပြီး ကိုယ်ထဲ၌ ခဲစေ့ရှိနေ၍ ခွဲစိတ်ကုသရမည်ဟုလည်း သိရသည်။

အေးလွင်(ကသာ)
https://www.facebook.com/katha.ayelwin
ကသာမြို့ ၌ ကလေးငယ်တဦး သေနတ်ထိမှန် ဒဏ်ရာရ  ကသာမြို့ ၌ ကလေးငယ်တဦး သေနတ်ထိမှန် ဒဏ်ရာရ Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.