လေပြင်း၊ မိုးသီး၊ လျှပ်စီးနဲ့ မိုးကြိုး ဖြစ်ပေါ်ဦးမယ်လို့ မိုး၊ဇလ ထပ်မံ ထုတ်ပြန်


တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ လေပြင်းတိုက်ခြင်း ၊ မိုးသီးကြွေခြင်း ၊ လျှပ်စီးလက်ခြင်း နဲ့ မိုးကြိုးပစ်ခြင်းတွေဖြစ်ပေါ်ဦးမယ်လို့ မိုး၊ဇလ ထပ်မံ ထုတ်ပြန်

ထူးခြားမိုးလေ၀သအခြေအနေခန့်မှန်းချက်အရ မေလ (၃)ရက်ကနေ (၅)ရက်အထိ ညနေပိုင်းအချိန်တွေမှာ အနောက်ဘက်က ရွေ့လျား လာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်နဲ့ နေ့အပူချိန်တွေမြင့်တက်ပြီး လေထု မငြိမ်သက်မှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေဖြစ်ပေါ် နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထပ်မံသတင်း ထုတ်ပြန်ထား ပါတယ်။

 စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာနေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီး နဲ့ပြည်နယ်တွေ မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့သိရပါတယ်။

 ဒါ့အပြင် မေလ (၆)ရက်ကနေ (၇)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 မိုးရွာသွန်းစဉ် မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေဖြစ်ပေါ်နိုင်ပြီး လေပြင်း တိုက်ခတ်စဉ်မှာ မြေပြင်လေဟာ တစ်နာရီ(၃၅)မိုင်နဲ့ မိုင်(၄၀) အထိတိုက်ခတ်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News
လေပြင်း၊ မိုးသီး၊ လျှပ်စီးနဲ့ မိုးကြိုး ဖြစ်ပေါ်ဦးမယ်လို့ မိုး၊ဇလ ထပ်မံ ထုတ်ပြန်  လေပြင်း၊ မိုးသီး၊ လျှပ်စီးနဲ့ မိုးကြိုး ဖြစ်ပေါ်ဦးမယ်လို့ မိုး၊ဇလ ထပ်မံ ထုတ်ပြန် Reviewed by THITHTOOLWIN on 04:34 Rating: 5
Powered by Blogger.