ကျူးကျော်တွေ ရှင်း ရင်းနဲ့ ငြိမ်းချမ်းရေးအမည်ခံ အဖွဲ့တွေကို အရေးယူသွားမယ်လို့ နယ်လုံဝန်ကြီးပြော


ရန်ကုန်၊မေ၊၂၅

ကျူးကျော်တွေကို ရှင်းရင်းနဲ့ ပြေးလေးပြေးနဲ့ အတူငြိမ်းချမ်းရေးအမည်ခံ အဖွဲ့များကိုအရေးယူသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းနယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဗိုလ်မှုးကြီးတင်အောင်ထွန်း က ကနေ့ ပြုလုပ်တဲ့ ကျူးကျော်နဲ့ ပတ်သတ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးအမည်ခံပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းမှာမင်းမဲ့စရိုက်ဆန်ဆန် သူများအပေါ်မတရားလုပ်နေတဲ့ လာရောက်နေတဲ့အဖွဲ့အစည်း တွေလည်းရှိတယ်။ ဒါတွေကိုလည်းထိထိရောက်ရောက်အရေး ယူဆောင်ရွက်သွားမှာဖြစ်တယ် လို့ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မှာကျုးကျော် ၄၃၀၀၀၀ ကျော်ရှိပြီးအဲဒီ အထဲမှာ ပြေးလေးပြေးတရားခံတွေ အပါအ၀င် ငြိမ်းချမ်းရေးအမည်ခံ မြေကွက်ရိုက် ရောင်းစားသူတွေပါဝင်နေတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တစ်ချို့နေရာတွေမှာငြိမ်းချမ်းရေးကဗိုလ်ကြီးတွေလို့အမည်ခံပြီး ယူနီဖေါင်းဝတ်ပြီးတော့ သည်မှာထင်တိုင်းကျဲနေတဲ့ အခြေအနေတွေ တွေ့နေရတယ်။ငြိမ်းချမ်းရေးအဖွဲ့စည်းတွေအတွက်လည်းအလွန်အင်မတန်ကိုဂုဏ်သိက္ခာထိခိုက်စေပါတယ်လို့မှတ်ချက်ပြုပါတယ်။
ဦးဖြိုးမင်းသိန်းက” ငြိမ်းချမ်းရေးအဖွဲ့စည်းတွေကိုလည်းအသိပေးထားတယ်။

ငြိမ်းချမ်းရေးအဖွဲ့စည်းတွေရဲ့နာမည်ကိုအလွဲသုံးစားပြုမှုတစ်ရပ် ပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးအဖွဲ့စည်းတွေဘက်ကလည်းသည်အခြေနေတွေကိုကူညီဆောင်ရွက်နိုင်ဖို့ တိုက်တွန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

Author/စရာဇာအောင်
Kumudra
https://www.facebook.com/newsKumudra
ကျူးကျော်တွေ ရှင်း ရင်းနဲ့ ငြိမ်းချမ်းရေးအမည်ခံ အဖွဲ့တွေကို အရေးယူသွားမယ်လို့ နယ်လုံဝန်ကြီးပြော  ကျူးကျော်တွေ ရှင်း ရင်းနဲ့ ငြိမ်းချမ်းရေးအမည်ခံ အဖွဲ့တွေကို အရေးယူသွားမယ်လို့ နယ်လုံဝန်ကြီးပြော Reviewed by THITHTOOLWIN on 06:26 Rating: 5
Powered by Blogger.