လိပ်ကျွန်းလူသတ်မှု အယူခံ ထိုင်းတရားရုံးလက်ခံ


လိပ်ကျွန်းလူသတ်မူကြောင့် သေဒဏ်ကျအပြစ်ပေးခံရသော မြန်မာလုပ်သားနှစ်ဦးအတွက် အယူခံကို မြန်မာသံရုံးအထူးအဖွဲ့နှင့် မြန်မာလုပ်သားနှစ်ဦး၏ မိခင်နှစ်ဦးက ယနေ့(မေ ၂၃)ရက်တွင် ကော့စမွီတရားရုံး၌ အယူခံတင်သွင်းခဲ့ရာ တရားသူကြီးကအယူခံဖိုင်ကိုလက်ခံလိုက်ကြောင်းသိရသည်။

“အယူခံမှာ DNA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးပါတယ် စာမျက်နှာပေါင်း ၁၉၇မျက်နှာပါရှိတယ်၊တကယ်နားလည်တက်ကျွမ်းတဲ့ပညာရှင်တွေနဲ့ ဆောင်ရွက်ထားတဲ့အတွက်ကြောင့် ထိုင်းတရားရုံးအနေနဲ့ သေသေချာချာစဉ်းစားသုံးသပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်”ဟု ဦးထူးချစ်ကပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက သေဒဏ်ချမှတ်ခြင်းခံခဲ့ရခြင်းဖြစ်ကာKoh Samui Court သို့စာမျက်နာ ၂၀၀ နီးပါး ပါပြီး DNA နဲ့ပက်သက်မှုကို အသာပေးရေး ထားသော အယူခံ စာရွက်စာတမ်းများကို ဒီနေ့မှာ တရားရုံးသို့တင်ခဲ့ပါသည်။

အယူခံ ကို အနောက်နိုင်ငံမှ ပညာရှင်များက ထဲထဲဝင်ဝင် အကြံပေးနိုင်ရန် ဘာသာပြန်ဆိုရသည့် အချိန်ကြောင့် အယူခံဟာ ပြင်ဆင်ချိန် ၅ လ ကြာမြင့်ခဲ့ရခြင်းဖြစ်ပါသည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
လိပ်ကျွန်းလူသတ်မှု အယူခံ ထိုင်းတရားရုံးလက်ခံ   လိပ်ကျွန်းလူသတ်မှု အယူခံ ထိုင်းတရားရုံးလက်ခံ Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.