နေပြည်တော် ဒက္ခိဏသီရိခရိုင် ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက် သူကြီးစု(၂)ရပ် ရထားသံလမ်း မိုင်တိုင် အမှတ် (၂၂၅/၂၁-၂၂) အကြား မေလ (၂၅)ရက်နေ့  ညနေ ၅ နာရီခွဲခန့်က လူတစ်ဦး ရထား ကြိတ်ခံရပြီး သေဆုံးကြောင်း သိရ သည်။
ဖြစ်စဉ်မှာ စက်ခေါင်းမောင်း ဦးအေး မင်းသန်းမောင်းနှင်လာသော မန္တလေး-ရန်ကုန် အမှတ်(၂) အစုန်ရထား စက်ခေါင်း အမှတ်DF 1359 ဖြတ်သန်း စဉ် ပျဉ်းမနားမြို့ အိုးဖိုရပ် ဥယျာဉ်စု အုပ်စုတွင်နေထိုင်သည့် ဦးမောင်ကြီး(ခ)မောင်မောင်(၄၂ နှစ်)မှာ မီးရထားတွဲ အောက်သို့ ပြေးဝင်လှဲချခဲ့ကြောင်း အနီးရှိ ပျဉ်းမနားမြို့ သာယာကုန်း ရပ်ကွက် မီးရထားလိုင်းခန်းနေသူ ယုန်လေး(ခ)အောင်လင်းဆွေ(၁၉ နှစ်)က ပြောသည်။
သေဆုံးသူကို တာဝန်ရှိသူများက ရဲဆေးစာဖြင့် နေပြည်တော်ခုတင် ၁ဝဝဝ ဆေးရုံသို့ပို့အပ်ခဲ့ပြီး သေဆုံးရ သည့်အကြောင်းရင်းအား စစ်ဆေးနိုင် ရေး ဒုရဲအုပ်မျိုးဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပျဉ်းမနားမြို့မရဲစခန်း က သေမှုသေခင်းဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
သတင်း- မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ - သီရိခေတ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပျဉ်းမနားမြို့၌ လူတစ်ဦး ရထားကြိတ်မိ၍ သေဆုံး
Reviewed by THITHTOOLWIN
on
14:50
Rating:
