ဆွာဇီလန်ဘုရင်၏ လေယာဉ် ကနေဒါနိုင်ငံတွင် ကြွေးဖြင့် အသိမ်းခံထားရ


ရိုက်တာ - တိုရွန်တို၊ မေ-၁၉

ကြွေးအငြင်းပွားမှုတစ်ခုကြောင့် ဆွာဇီလန်ဘုရင် တတိယမြောက် မဆွာတီ၏ လေယာဉ်ကို နှစ်နှစ်တာအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ကနေဒါနိုင်ငံတွင် ထိန်းသိမ်းထားလိုက်သည်ဟု ကနေဒါရုံးတော် မှတ်တမ်းများအရ သိရသည်။

မဆွာတီ၏ စီးပွားရေးပါ့တနာဟောင်းတစ်ဦးဖြစ်သည့် စင်ကာမူ စီးပွားရေးလုပ်ငန်းရှင် ရှန်မူဂါ ရီသီနမ်က သူ့ကို ကန်ဒေါ်လာ ၈သန်းပေးရန်ရှိသည်ဟု ဆိုကာ ဘုရင်၏ နိုင်ငံရပ်ခြားမှ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် ယခုလတွင် ကနေဒါရုံးတော်မှတစ်ဆင့် လေယာဉ်ကို ထိန်းသိမ်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ဆွာဇီလန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပါစီ ဆီမီလိန်းကမူ ဘုရင်က ရီသီနမ်ကို ပိုက်ဆံပေးစရာအကြွေးမရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုကာ အမှုမှာ ရုံးတော်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့် အသေးစိတ်ကို မပြောနိုင်တော့ကြောင်း ဖွင်ဟသွားခဲ့သည်။

ရုံးတော်မှတ်တမ်းများအရ လေယာဉ်ကို ၂၀၁၀ခုနှစ်တွင် မဆွာတီထံသို့ ရောင်းချခဲ့ပြီး၊ နောက်ပိုင်းတွင် မွမ်းမံခများအတွက်လည်း ပေးခြေခဲ့ရပြီး ပေါင်းလိုက်လျှင် ကန်ဒေါ်လာ ၆.၅သန်းနီးပါးရှိသည်ဟု ရီသီနမ်က ပြောကြေားကြောင်း ရုံးတော်မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယမန်နှစ်ကလည်း မာဆွာတီဘက်မှာ လေယာဉ်အစား ကန်ဒေါ်လာ ၃.၅သန်းကို သိမ်းယူရန် သဘောမတူမီ လေးလခန့်ကြာအောင် လေယာဉ်ကို ထိန်းသိမ်းထားခဲ့ဖူးသည်။

AM
china.com Myanmar
https://www.facebook.com/china.com.mm
ဆွာဇီလန်ဘုရင်၏ လေယာဉ် ကနေဒါနိုင်ငံတွင် ကြွေးဖြင့် အသိမ်းခံထားရ   ဆွာဇီလန်ဘုရင်၏ လေယာဉ် ကနေဒါနိုင်ငံတွင် ကြွေးဖြင့် အသိမ်းခံထားရ Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.