အဆက်မပြတ် ရွာသွန်းသော မိုးကြောင့် ပုလဲ- ဂန့်ဂေါ ကားလမ်း ခေါင်းတုံ ရွာအနီး တံတားရှောင် ကွင်းလမ်းတွင် ယာဉ်ပိတ်ဆို့မှုဖြစ်


ဂန့်ဂေါ မေ ၂၀

မေ ၁၉ ရက်ညပိုင်းတွင် ဂန့်ဂေါမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းခဲ့သည့် အတွက် ပုလဲ- ဂန့်ဂေါ ကားလမ်း ဂန့်ဂေါမြို့နယ် ခေါင်းတုံရွာ အနီး ဆောက် လုပ်လျှက်ရှိသည့် တံတားရှောင်ကွင်းလမ်း၌် လမ်းချော်နေပြီး မော်တော် ယာဉ်များ မောင်းနှင်ခြင်းမရှိသဖြင့် မေ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် လမ်းပိတ်ဆို့သွားခဲ့ သည်။

အဆိုပါ လမ်းပိတ်ဆို့ရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေတို့နှင့် အဖွဲ့ တို့ရောက်ရှိကာ တံတားအင်ဂျင်နီယာနှင့် ညှိနှိုင်းလျှက် ဆောက်လုပ်ဆဲတံတားပေါ်မှ လူနှင့် ဆိုင်ကယ် များ ဖြတ် သန်းစေပြီး ပိတ်ဆို့နေသော မော်တော် ယာဉ်များကို မြန်မာ့ သစ်လုပ်ငန်း ကလပ်ဘီးများနှင့်ဆွဲထုတ် ရသည့် အပြင် ကျေးရွာနေပြည်သူများ၏ အကူအညီဖြင့် ဆွဲထုတ်ကြကာ ချော်ထွက်နေသောလမ်းအား သဲ၊ ကျောက်ဖြုံး များဖို့၍ ပြုပြင်သဖြင့် အဆိုပါလမ်းလွှဲ၌ နံနက် ၆ နာရီခွဲခန့် တွင် မော်တော် ယာဉ်များ ဖြတ်သန်း မောင်းနှင် နိုင်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အဆက်မပြတ် ရွာသွန်းသော မိုးကြောင့် ပုလဲ- ဂန့်ဂေါ ကားလမ်း ခေါင်းတုံ ရွာအနီး တံတားရှောင် ကွင်းလမ်းတွင် ယာဉ်ပိတ်ဆို့မှုဖြစ်  အဆက်မပြတ် ရွာသွန်းသော မိုးကြောင့် ပုလဲ- ဂန့်ဂေါ ကားလမ်း ခေါင်းတုံ ရွာအနီး တံတားရှောင် ကွင်းလမ်းတွင် ယာဉ်ပိတ်ဆို့မှုဖြစ် Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.