မြန်မာနိုင်ငံ အနှံ့တွင် ဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၅၀၉ ဦး သေဆုံး

ရန်ကုန်မြို့ ကမ်းနားလမ်းပေါ်၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- Yangon Traffic Police)
    ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ အနှံ့တွင် ဧပြီလ တစ်လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅၀၉ ဦး ရှိကြောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်တွင် ယာဉ်မတော်တဆမှု ၁,၆၇၄ မှု ဖြစ်ပွားပြီး သေဆုံးသူ ၅၀၉ ဦး ရှိကာ ၃,၀၆၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


အဆိုပါ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးသည် မန္တလေး တိုင်းဒေသကြီး ဖြစ်ပြီး ဒုတိယ အများဆုံးသည် ပဲခူး တိုင်းဒေသကြီး ဖြစ်သည်။

ဧပြီလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၂၁ မှု ဖြစ်ပြီး ၅၈ ဦး သေဆုံးကာ ၂၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၁၁ မှု ဖြစ်ပွားပြီး ၇၀ ဦး သေဆုံးကာ ၃၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ ပဲခူးတိုင်း ဒေသကြီးတွင် ယာဉ်မတော်တဆဖြစ်မှု ၂၄၆ မှု ဖြစ်ပွားပြီး ၆၈ ဦး သေဆုံးကာ ၄၄၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။

(Xinhua)

http://www.xinhuamyanmar.com
မြန်မာနိုင်ငံ အနှံ့တွင် ဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၅၀၉ ဦး သေဆုံး မြန်မာနိုင်ငံ အနှံ့တွင် ဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၅၀၉ ဦး သေဆုံး Reviewed by THITHTOOLWIN on 13:14 Rating: 5
Powered by Blogger.