မင်းပြားယာဉ်တိုက်မှုဖြစ်ကြောင့် လူ ၃ ဦးသေဆုံး


မေ ၁၁ (မင်းပြား)

မေလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန့်က မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် နန်းတော်ဝင်၊မန္တလေး -စစ်တွေကားနှင့် ဆိုင်ကယ်တစ်စီးတိုက်မိကာ ဆိုင်ကယ်စီးလာသူ ၃ ဦးသေဆုံးမှာ သေဆုံးသွားခဲ့ကြောင်း မင်းပြားရဲစခန်းမှသိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်(၉၀/၃)တွင် စစ်တွေမှ -မန္တလေးသို့ထွက်ခွာ သည့် နန်းတော်ဝင်ခရီးသည်တင်ကားနှင့် CZI-125 အနက်ရောင်မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကာ ယဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၃ ဦးအနက် ၂ ဦးမှာပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဆေးရုံအ ရောက်တွင်သေဆုံးခဲ့ကာ ယာဉ်တိုက်မှုကြောင့် နန်းတော်ဝင်ကားမှာ လမ်းဘေးသို့ထိုးကျသွားခဲ့သော်လည်း ခရီးသည်များ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်း မင်းပြားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများမှာ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်တွင်နေထိုင်သူများဖြစ်ကြပြီး မောင်လှိုင် ၊အသက် ၃၂ နှစ် (ဘ)ဦးကျော်သိန်းစိန်၊ ဦးကျော်စိုး အသက် ၂၂ (ဘ)ဦးဝင်းအောင် နှင့် ညီသန်းဌေး၊ အသက် ၂၀ နှစ်၊(ဘ) ဦးအောင်ကျော်သိန်းတို့ဖြစ်ကြကာ နန်းတော်ဝင်ကားမှ ယာဉ်မောင်းဖြစ်သူ ဦးကျော်ကျော်ဦး(ခ)ကရင်၊အသက် ၃၂ အား ပြစ်မှုဆိုင်ရာ ဥပေဒပုဒ်မ (ယာဉ်)ပ/၂၈ ပုဒ်မ ၃၀၄-(က) အရ မင်းပြားရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

ဓာတ်ပုံ - ခိုင်လင်းထွန်း
Development Media Group
https://www.facebook.com/DevelopmentNJ
မင်းပြားယာဉ်တိုက်မှုဖြစ်ကြောင့် လူ ၃ ဦးသေဆုံး   မင်းပြားယာဉ်တိုက်မှုဖြစ်ကြောင့် လူ ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.