ကြေးစင်တောင်သွား အက်စစ်များ တင်ဆောင်လာတဲ့ ကွန်တိန်နာတွဲယာဉ် တစ်စီးတိမ်းမှောက်


တောင်သာမြို့နယ် ကျောက်ချောကျေးရွာ တောင်ဘက်အကွေ့မှာ မေ၂၅ ရက် ည ၇း၂၀ အချိန်ခန့် က အက်စစ်များ တင်ဆောင်လာတဲ့ ကွန်တိန်နာ တွဲကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ကားကို ယာဉ်မောင်း ကိုအောင်ဖြိုးဝင်းမှ မောင်းနှင်လာစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အက်စစ်များ ယိုဖိတ် စီးဆင်းနေတာကြောင့် ဒေသခံ ကျေးရွာသားများ အန္တရာယ်မဖြစ်စေရေး သတိပေး စည်းကမ်း ချက်များကို အသံချဲ့စက်နဲ့ ကြေညာခဲ့ပါတယ်။


အက်စစ် စီးဆင်းမှု တားဆီးနိုင်ရန် စည်ပင်က ဘက်ဟိုးနဲ့  ယာယီမြေသား ကျင်းတူးဖော်ခြင်း၊ သဲများဖို့ခြင်း၊အခြားယာဉ်ပေါ်မှ ရေဖြစ်စေတဲ့ ဓါတ်ပြုအမှုန့်များ ဖြူးပေးခြင်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါ အက်စစ်များကို ပြည်ပမှ သယ်ဆောင်လာကာ ရန်ကုန်မှတဆင့် ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်သို့ တွဲကား၂၆စီးနဲ့ တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကွန်တိန်နာအတွင်း၌ ၄ပေ ပတ်လည် ကော်ပုံး ၁၆ပုံးဝန်းကျင်နှင့် သံဇကာအကန့်များလည်း ပါရှိပြီး ပါဝင်မှု
အတိုင်းအတာကို ကုမ္ပဏီရဲ့ တွက်ချက်မှုဖြင့်သာ အတိအကျသိရှိနိုင်မှာ ဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးထံမှ သိရကြောင်း Htun Lin Media - Taungtha ရဲ့ (facebook)မှာ ရေးသား ဖော်ပြထားပါတယ်။

သစ်ထူးလွင်

ကြေးစင်တောင်သွား အက်စစ်များ တင်ဆောင်လာတဲ့ ကွန်တိန်နာတွဲယာဉ် တစ်စီးတိမ်းမှောက်    ကြေးစင်တောင်သွား အက်စစ်များ တင်ဆောင်လာတဲ့ ကွန်တိန်နာတွဲယာဉ် တစ်စီးတိမ်းမှောက် Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.