ခေါင်းလျှော်ရည်အတုပြုလုပ်သောအဖွဲ့ကိုရဲများဖမ်းမိ


နာမည်ကြီးတံဆိပ်ခေါင်းလျှော်ရည် ဗူးများထဲသို့ခေါင်းလျှော်ရည်အတုများထည့်၍ရောင်းသောအဖွဲ့ကို တံဆိပ်အစစ်ပိုင်ရှင်များ၏တိုင်ကြားမှုကြောင့် ဆရဘုရီခရိုင်တွင်ဖမ်းဆီးရမိခဲ့တယ်လို့ပြောပါတယ်။

 ၂၀၁၆ခုနှစ်မေလ ၈ ရက်နေ့တွင် သတင်းထောက်တစ်ဦး၏ပြောပြချက်အရ ဆရဘုရီခရိုင်ရဲစခန်းသို့ နာမည်ကြီးခေါင်းလျှော်ရည်တံဆိပ်ပိုင်ရှင်များရဲ့တိုင်ကြားချက်အရ ဆလာဘူးရီးခရိုင်၊ ကင်ခွဲမြို့ နယ် แก่งคอย၊ ထာ့မာ့ပလန် ท่ามะปราง ရပ်ကွက်တွင်လူကိုအန္တရာယ်ဖြစ်စေသောခေါင်းလျှော်ရည်အတုများထုတ်လုပ်နေတာကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 သွားရောက်ဖမ်းဆီးချိန်တွင်အိမ်ရှင်များကိုမတွေ့ရပဲ သူတို့၏အလုပ်သမားများကိုသာတွေ့ရပြီး အလုပ်သမားများမှာ ရေပုံးကြီးတစ်ခုထဲတွင် ခေါင်းလျှော်ရည်အတုများရောစပ်နေတယ်လို့ပြောပါတယ်။

 တာဝန်ရှိသူများဟာ အိမ်ရှင်များကိုရှာဖွေ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ပြောပါတယ်။

၉ ရက်နေ့တွင်လည်း ဆလာဘူးရီးခရိုင် ကျန်းမာရေးဌာနမှ အဆိုပါခေါင်းလျှော်ရည်အတုထုတ်လုပ်သောနေအိမ်သို့ဝင်ရောက်စစ်ဆေးမယ်လို့သိရပါတယ်။

MTF Channel
https://www.facebook.com/mtftv
ခေါင်းလျှော်ရည်အတုပြုလုပ်သောအဖွဲ့ကိုရဲများဖမ်းမိ ခေါင်းလျှော်ရည်အတုပြုလုပ်သောအဖွဲ့ကိုရဲများဖမ်းမိ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.