တာလီဘန် ခေါင်းဆောင်သစ်ကို ရာထားနေပြီလို့ဆို

တာလီဘန် အဖွဲ့ဝင်တချို့ (Credit: AFP) 
စနေနေ့တုန်းက ​အမေရိကန်ရဲ့ ​တိုက်ခိုက်မှုကြောင့် ​တာလီဘန်ခေါင်းဆောင် ​သေဆုံးသွားတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ပြီးနောက် ​တာလီဘန်တွေက ​တနင်္ဂနွေနေ့မှာ ​တွေ့ဆုံပြီး ​ခေါင်းဆောင်အသစ် ​တင်ဖို့ ​ဆွေးနွေးကြတယ်လို့ ​တာလီဘန်အဖွဲ့ဝင် ​တချို့က ​ရိုက်တာ ​သတင်းကို ​ပြောပါတယ်။

ပါကစ္စတန်နိုင်ငံအတွင်း ​ရောက်ရှိနေတဲ့ ​တာလီဘန်ခေါင်းဆောင် ​Mullah ​Akhtar ​Mansour ​ကို ​အမေရိကန်က ​တိုက်ခိုက်ပြီးမှ ​ပါကစ္စတန်ကို ​အသိပေးတဲ့အတွက် ​ပါကစ္စတန် ​အစိုးရက ​မကျေမနပ် ​ဖြစ်နေပါတယ်။

အမေရိကန်က ​ပါကစ္စတန်မှာ ​တိုက်ခိုက်မှု ​လုပ်မယ်ဆိုတာကို ​ကြိုတင်အသိမပေးပဲ ​လုပ်တာဟာ ​ပါကစ္စတန်ရဲ့ ​အချုပ်အခြာ ​အာဏာကို ​ထိပါးတယ်လို့ ​ပြောဆိုခဲ့ပါတယ်။

၂၀၁၁ ​ခုနှစ်တုန်းကလည်း ​အမေရိကန်တွေဟာ ​ပါကစ္စတန်မှာ ​နေထိုင်တဲ့ ​al ​Qaeda ​ခေါင်းဆောင် ​အိုဆာမာ ​ဘင်လာဒင်ရဲ့ ​နေအိမ်ကို ​ဝင်ရောက်တိုက်ခိုက်တုန်းကလည်း ​ကြိုတင်အသိမပေးခဲ့တဲ့အတွက် ​ပါကစ္စတန်ဘက်က ​အမျက်ဒေါသ ​ထွက်ခဲ့ရပါတယ်။

အာဖဂန် ​အစိုးရကတော့ ​တာလီဘန် ​ခေါင်းဆောင် ​သေဆုံးသွားပြီလို့ ​အသေအခြာ ​ပြောဆိုနေပေမယ့် ​အမေရိကန် ​အစိုးရကတော့ ​အတိအကြ ​မပြောသေးသလို ​တာလီဘန်ကလည်း ​တရားဝင် ​ပြောဆိုထားတာမျိုး ​မရှိသေးပါဘူး။

တာလီဘန် ​အဖွဲ့ဝင် ​တချို့ကတော့ ​သူတို့ရဲ့ ​ခေါင်းဆောင်သစ်အဖြစ် ​ရွေးချယ်ဖို့ ​ရာထားတဲ့ ​လူတွေထဲမှာ ​တာလီဘန် ​အရာရှိ ​Sirajuddin ​Haqqani ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

အဲဒီလူကသာ ​ခေါင်းဆောင်ဖြစ်လာရင် ​အနောက်တိုင်း ​အစိုးရနဲ့ ​အာဖဂန် ​အစိုးရအတွက် ​တာလီဘန် ​ကို ​ချေမှုန်းဖို့ ​ပိုခက်ခဲမယ်လို့ ​သုံးသပ်ကြပါတယ်။

အဲဒီလူကို ​သတ်ပစ်နိုင်ရင် ​ဒေါ်လာ  ​၅သန်း ​ဆုချမယ်လို့လည်း ​အမေရိကန်က ​ပြောဆိုထားတာ ​ရှိပါတယ်။

ဒါ့အပြင် ​ခေါင်းဆောင်အဖြစ် ​ရာထား ​တဲ့လူတွေထဲမှာ ​တာလီဘန်ကို ​တည်ထောက်တဲ့လူရဲ့သား ​ဖြစ်တဲ့ ​Mullah ​Mohammad ​Yaqoob ​နဲ့ ​အမေရိကန်က ​ထိန်းသိမ်းခဲ့ဖူးသူ ​Mullah ​Abdul ​Qayyum ​Zakir ​နဲ့ ​Mullah ​Sherin ​တို့လည်း ​ရာထားတာ ​ခံရတယ်လို့ ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
တာလီဘန် ခေါင်းဆောင်သစ်ကို ရာထားနေပြီလို့ဆို  တာလီဘန် ခေါင်းဆောင်သစ်ကို ရာထားနေပြီလို့ဆို Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.