ပုလဲမြို့နယ်၊ ရှောက်ရင်းကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


ပုလဲ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာ အုပ်စု၊ ရှောက်ရင်းကုန်း ကျေးရွာတွင် မေ ၁၁ ၊ နံနက် ၂ နာရီခွဲက ထမင်းချက်ရာမှ မီးဖိုဆောင်ဘေး ထရံအား မီးစွဲ၍ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာအုပ်စု၊ ရှောက်ရင်းကုန်းကျေးရွာ၊ ဒေါ်အေး ( ဘ ) ဦးသန်းဝင်း (၃၅)နှစ်သည် မေ ၁၁၊ နံနက်၂ နာရီခွဲက မီးဖိုဆောင်တွင် ထမင်းချက်ရာမှ မီးဖိုဆောင်ဘေး ထရံအား မီးစွဲ၍ မီးလောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၁)စီးနှင့်အတူ ကျေးရွာသူ/ကျေးရွာသားများက ၀ိုင်ဝန်းငြိမ်းသတ်မှုကြောင့် နံနက် ၂ နာရီ မိနစ်၄၀တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် ၂ နာရီ မိနစ် ၅၀တွင် မီးငြိမ်းခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပုလဲမြို့နယ်၊ ရှောက်ရင်းကုန်းကျေးရွာနေ ဒေါ်အေး၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း(၄ပင်×၃ပင်)နှစ်ထပ်အိမ်(၁)လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၃ပင်×၂ပင်) မီးဖိုဆောင်( ၁ ) လုံးနှင့် အရှေ့ဘက် ကပ်လျက်ရှိသည့် ဦးအောင်လွင်ဦး(ဘ) ဦးအေးလွင်(၃၄)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၃ပင်×၂ပင်) နေအိမ် (၁)လုံး မီးလောင်၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် အသေအပျောက် မရှိကြောင်းနှင့် မီးစတင် လောင်ကျွမ်းသည့် အိမ်ရှင် ဒေါ်အေး ( ဘ ) ဦးသန်းဝင်းအား ပုလဲမြို့နယ်၊ ချင်ပြစ်နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထား ရှိကြောင်း သိရသည်။

မင်းခန့်စိုး( ဇေယျာမြေ )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပုလဲမြို့နယ်၊ ရှောက်ရင်းကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား  ပုလဲမြို့နယ်၊ ရှောက်ရင်းကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.