မိတ္တီလာမြို့နယ်က လက်ယက်တွင်း မှာအရောင် ပြောင်းလဲခဲ့တဲ့ ရေတွေကို စစ်ဆေးကြည့်ရာ သောက်သုံးဖို့ သင့်တယ်လို့ အဖြေထွက်
မိတ္တီလာမြို့နယ် ဇရပ်ကုန်းကျေးရွာရှိ လက်ယက်တွင်း သုံးတွင်းမှာ ရေအရောင် ပြောင်းလဲခဲ့ပေမယ့် စစ်ဆေးချက်အရ သောက်သုံးရန် သင့်တယ်လို့ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရပါတယ်။
ဧပြီလ (၂၄) ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဇရပ်ကုန်းကျေးရွာအုပ်စု ဇူးရစ်တန်းကျေးရွာမှာ လက်ယက်တွင်း သုံးတွင်းက ရေအရောင်ပြောင်းလဲခဲ့တာကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေးက်ာမတီရေနှင့်သန့်ရှင်းရေးဌာနက စစ်ဆေးခဲ့ရာ သောက်သုံးရန်သင့်ကြောင်း စစ်ဆေးချက် အဖြေထွက်ခဲ့တာဖြစ်ပါတယ်။
စစ်ဆေးချက်အရ အရောင်ပါနေတာကလွဲရင် သောက်သုံးရန်သင့်ပြီး အဆိပ်နဲ့ဓာတ် သတ္တုပါဝင်မှု
နှုန်းဟာ အန္တရာယ်မရှိဘူးလို့ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အဲဒီရေတွေကို မွေးမြူရေးတိရစ္ဆာန်တွေကို တိုက်ပြီး စမ်းသပ်ခဲ့ရာမှာလည်း ဘာအန္တရာယ်မှမဖြစ်ခဲ့ဘူးလို့ သိရပြီး ရေနမူနာကိုသိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ဧပြီလ (၂၄) ရက်က နီဝါရောင်ပြောင်းသွားခဲ့တဲ့ ရေတွေဟာ ဧပြီ (၂၆) ရက်မှာ သဘာဝရေအရောင် ပြန်လည်ပြောင်းသွားခဲ့ပြီး မေလ (၄) ရက်အထိ စောင့်ကြည့်လေ့လာနေခဲ့တယ်လို့ မီတ္တီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။ ဒါပေမယ့် ဇူးရစ်တန်းကျေးရွာက လက်ယက်တွင်းသုံးတွင်းက ရေတွေကို သောက်သုံးခွင့်မပြုသေးဘဲ ရေပြတ်လပ်မှု မရှိအောင် သက်ဆိုင်ရာဌာနတွေနဲ့ ပရဟိတအဖွဲ့တွေက ပူးပေါင်းကူညီပေးနေတယ်လို့ သိရပါတယ်ရှင်။
သတင်းစာသား၊ ဓာတ်ပုံ ............ ရဲရင့်မာန် (5 PLUS NEWS)
5 Plus News
https://www.facebook.com/5-Plus-News
မိတ္တီလာမြို့နယ်က လက်ယက်တွင်း မှာအရောင် ပြောင်းလဲခဲ့တဲ့ ရေတွေကို စစ်ဆေးကြည့်ရာ သောက်သုံးဖို့ သင့်တယ်လို့ အဖြေထွက်
Reviewed by THITHTOOLWIN
on
18:15
Rating:
