နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု


    နေပြည်တော်၊ မေ ၉ ရက် (ဆင်ဟွာ)

    ဥပဒေကြမ်း ကော်မတီက တင်သွင်းလာသော နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြုကြောင်း ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေး၌ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာ လိုက်သည်။

အဆိုပါ ဥပဒေကြမ်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက် နေ့၌ ဆွေးနွေးရန် အမည်စာရင်း တင်သွင်းမည့်သူ မရှိသဖြင့် ကော်မတီက တင်သွင်းလာသော ဥပဒေကြမ်း အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်သည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု  နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အတည်ပြု Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.