မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြန်အောင်မြို့နယ် အညာစု ကျေးရွာ အနီး အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး

မြန်အောင် ၊ မေ ၂၃

ဧရာဝတီ တိုင်းဒေသကြီး မြန်အောင် မြို့နယ်တွင် မေ ၂၃ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အင်ပင်အုပ်စု အညာစုကျေးရွာအနီး အင်ပင်- ကနောင်လမ်းတွင် ဂုံးပေါက်ဘေး လမ်းအရှည် (၃၅) ပေ၊ အကျယ် (၁၈)ပေ ရေတိုက်စား ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။ ရေတိုက်စား၍ ပျက်စီးသွားသော နေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမင်းတို့က သွားရောက် ကြည့်ရှုပြီး ဒေသခံ ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ယာယီ တံတားပြုလုပ် ပေးလျက်ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/




မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး   မြန်အောင်မြို့နယ်  အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.