၂၂ ဘီးကုန်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ နေအိမ်အတွင်းဝင်တိုက်


ကျောက်တံခါး မေ ၁၉

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် ကျွန်းကုန်း-ဖဒိုမြို့ ချောင်းကားလမ်းတွင် မောင်းနှင်လာသော ၂၂ ဘီးကုန်တင်ယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးလျှပ်စစ်မီးတိုင်နှင့် တံတားများကို ဝင်တိုက်ကာ နေအိမ်အတွင်းသို့ပါ ဆက်လက်ဝင်ရောက်တိုက်မိခဲ့မှု မေ ၁၉ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဆေးရိုးခင်ကျေးရွာအနီး ကျွန်းကုန်း-ဖဒိုမြို့ချောင်းကားလမ်းပေါ်တွင် ကျောက်တံခါး မြို့နယ်နေ ယာဉ်မောင်း အောင်လွတ်လပ်(၂ဝနှစ်)မောင်းနှင်လာသော ၂၂ ဘီး ကုန်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးလျှပ်စစ်မီးတိုင်နှင့် တံတားကို ဝင်တိုက်ကာ ဆက်လက်၍ လမ်းဘေးရှိ ဦးမြင့်ဦး၏ နေအိမ်တစ်ထပ်တိုက်ခေါင်းရင်းဘက်သို့ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဓာတ်တိုင်မှာ အောက်ခြေပြတ် ပျက်စီး၍ တံတားကွန်ကရစ် ဘေးပေါင်များ ပျက်စီးခဲ့သည်။ ထို့အတူ နေအိမ်မှ အုတ်ခဲများပြိုကျကာ အိမ်အတွင်း အိပ်နေသော ဦးမြင့်ဦးနှင့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးတို့၏ ဦးခေါင်းနှင့် ရင်ဘတ်တို့ တွင် အုတ်ခဲစများထိမှန်၍ ဒဏ်ရာများရရှိခဲ့ပြီး ပြင်ပလူနာမစိုးရိမ်ရအဖြစ် ကုသခံ ထားရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
၂၂ ဘီးကုန်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ နေအိမ်အတွင်းဝင်တိုက် ၂၂ ဘီးကုန်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ နေအိမ်အတွင်းဝင်တိုက် Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.