အစိုးရသစ်၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် လာအိုနိုင်ငံသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်

လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အဖွဲ့အား ဒုတိယ သမ္မတနှစ်ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများမှ နေပြည်တော် လေဆိပ်တွင် လိုက်လံ ပို့ဆောင်စဉ် (ဆင်ဟွာ)
    နေပြည်တော် ၊ မေ ၆ ရက် (ဆင်ဟွာ)

    အစိုးရသစ် လက်ထက် ပထမဦးဆုံး ပြည်ပ ခရီးစဉ်အဖြစ် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ သည် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့  ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် မှတဆင့် ထွက်ခွာသွားခဲ့သည်။


လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ်ဗိုရာချစ်တို့၏ ဖိတ်ကြားချက် အရ သွားရောက်ခြင်း ဖြစ်ပြီး ချစ်ကြည်ရေး ခရီးစဉ်သို့  နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင် နှင့် ပြည်ထောင်စု ဝန်ကြီး အချို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။


နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ နှင့် ဦးဟန်နရီ ဗန်ထီးယူ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပြည်ထောင်စု ဝန်ကြီးများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ ဆောင်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အစိုးရသစ်၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် လာအိုနိုင်ငံသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်  အစိုးရသစ်၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် လာအိုနိုင်ငံသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက် Reviewed by THITHTOOLWIN on 12:02 Rating: 5
Powered by Blogger.