နွားကျောင်းသည့်ကိစ္စဖြင့် ဆဲဆိုရိုက်နှက်သူကို ဓားဖြင့်ထိုး၍သေဆုံးရ


ပျဉ်းမနား မေ ၁၉

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့ ကူးတို့ဆိပ်အုပ်စု ရွှေပြည်သာကျေး ရွာ၌ မေ ၁၆ ရက်က ဓားထိုးခံရမှု ကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၅ နာရီ တွင် တရားလိုဖြစ်သည့် မကြူကြူဝင်း (၃၈ နှစ်) ရွှေပြည်သာကျေးရွာ ကူးတို့ ဆိပ်အုပ်စု ပျဉ်းမနားမြို့နေသူ၏ မောင်ဖြစ်သူ မျိုးကို (၂၃ နှစ်)သည် နေအိမ်ရှေ့၌ ခြင်းခတ်နေစဉ် မကြူ ကြူဝင်း၏ ယောက္ခမဖြစ်သူ ဦးမောင် မောင်က နွားကျောင်းရန်ပြောသည်ကို မျိုးကိုက နွားများကို ညနေမှကျောင်း မည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ပြောဆို စဉ် မကြူကြူဝင်း၏ ခင်ပွန်း ဦးတင်စိန် (၄၅နှစ်)က အိမ်ရှေ့ လမ်းပေါ်ထွက်လာ ပြီး မျိုးကိုအား ဆဲဆိုကြိမ်းမောင်းကာ တုတ်ဖြင့်ရိုက်ခဲ့ကြောင်း၊ ကိုယ်ထိ လက် ရောက် ကျူးလွန်မှု ပြုလုပ်လာသည့် အတွက် မျိုးကိုက အသွားခုနစ်လက်မခွဲရှိ ဓားမြှောင်ဖြင့် ပြန်လည်ထိုးခဲ့ခြင်းကြောင့် ဦးတင်စိန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိရဲတပ်ဖွဲ့၏ စစ် ဆေးချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူး လွန်သူ မျိုးကိုအား ပျဉ်းမနားမြို့နယ် မြို့မရဲစခန်းက သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက် စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ရဲရဲ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နွားကျောင်းသည့်ကိစ္စဖြင့် ဆဲဆိုရိုက်နှက်သူကို ဓားဖြင့်ထိုး၍သေဆုံးရ   နွားကျောင်းသည့်ကိစ္စဖြင့် ဆဲဆိုရိုက်နှက်သူကို ဓားဖြင့်ထိုး၍သေဆုံးရ Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.