အမျိုးသမီးရာအိမ်မှူး လုပ်ကြံခံရ

Photo: Kyaw Myo Min/ RFA ( သေဆုံးသွားတဲ့ အမျိုးသမီးရာအိမ်မှူး ဒ်ါနန္ဒာလှိုင်ရဲ့ဈာပနာပြင်ဆင်ထားသည်ကို တွေ့ရစဉ် )
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာရဲ့ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို မနေ့ညနေပိုင်းက သေနတ်သမား ၂ ဦးက သူ့ရဲ့ နေအိမ်မှာ ၀င်ရောက်လုပ်ကြံခဲ့ပါတယ်။
သေနတ်ဒဏ်ရာနဲ့ ဖားကန့်မြို့နယ်ဆေးရုံမှာ ဆုံးသွားတာလို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးရုံးက တာဝန်မှူး ဦးဝင်းမြင့် ပြောပါတယ်။

ပစ်ခတ်သူတွေ ဘယ်သူတွေလဲနဲ့ ဘာကြောင့်လဲဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လုပ်ကြံခံရသူ ဒေါ်နန္ဒာလှိုင်ဟာ ရပ်ရွာအကျိုးကို အလေးထားဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပေါက်ကွဲမှု အကြိမ် လေးဆယ် နီးပါးဖြစ်ပွားခဲ့ပြီး အဲဒီပေါက်ကွဲမှုတွေကို ဘယ်သူတွေက လုပ်တာလဲ ၊ ဘာကြောင့် လည်းဆိုတာ အစိုးရက ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ဖားကန့်မြို့နယ် ဆိပ်မူနဲ့ ဝှေခါကျေးရွာတွေမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် ၂ ဦးလုပ်ကြံခံရဖူးပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အမျိုးသမီးရာအိမ်မှူး လုပ်ကြံခံရ  အမျိုးသမီးရာအိမ်မှူး လုပ်ကြံခံရ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.