မြန်မာနိုင်ငံသားမောင်းလာတဲ့ ကား ၊ ရပ်ထားသည့် ခရီးသည်တင်ယာဉ်အား ၀င်တိုက်မှု ၂ ဦီးသေဆုံး


26May2016

ထိုင်းနိုင်ငံ စမွတ်စုံကမ် မြို့ နယ်အတွင်း ယနေ့ မနက်ပိုင်း ငါးနာရီ မှာ Dhanavat gold beauty family ကုမ္ပဏီ တဆိပ် တပ်ဆင် ထားပြီး ကုမ္ပဏီ မိသားစုဝင်တွေကို တင်ဆောင်ထားတဲ့ လိုင်စင်အမှတ် 30-0082 Pattani ခရီးသည်တင်ယဉ်တစီးကို ကားငယ်တစီးက နောက်ကနေ ၀င်တိုက်ခဲ့လို့  ကားငယ်ပေါ်မှာ လိုက်ပါလာကြတဲ့ မြန်မာနိုင်သား သုံးဦး (အမျိုးသား ၁ဦး -အမျိုးသမီး ၂ဦး)အခင်းဖြစ်ပွားတဲ့ နေရာမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။


Toyota Vigo pickup ကားငယ်ကို မောင်းလာသူ ကိုဝင်း အသက်(၃၄)နှစ် ဆိုသူဟာ မြန်မာနိုင်ငံသားတဦးဖြစ်ပြီးသူ့ ကိုရဲအရာရှိတဦးက မြန်မာအလုပ်သမားတွေကို ပကျော့ ကီရီခန် ကို ပို့ ဆောင်ခိုင်း ခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ကားမောင်းသူဟာ ဒဏ်ရာအနည်းငယ်သာ ရခဲ့ပါတယ်။ ကားမောင်းနေရင်း အိပ်ငိုက်သွားကြောင်း ၀န်ခံထားပြီး ရဲတွေကသူ့ ကို ဖမ်းဆီးထားပါတယ်။

ကားငယ်အတွင်း လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကားကြီးအောက်ပိုင်းကို အရှိန်ပြင်း
ပြင်းနဲ့  တိုက်ဝင်သွားခဲ့တာကြောင့် ကားအတွင်း ညှပ်ပိသေဆုံးခဲ့ကြတာပါ။

နောက်ထပ်မြန်မာ သုံးဦးကိုလည်း ပြည်နယ်ဆေးရုံမှာ အရေးပေါ် လူနာအဖြစ် တင်ထားရပါတယ်။

SAW
Credit Khaosod-
Photo -เจิ้น เตชะ
https://www.facebook.com/Social-Action-for-Women-SAW
မြန်မာနိုင်ငံသားမောင်းလာတဲ့ ကား ၊ ရပ်ထားသည့် ခရီးသည်တင်ယာဉ်အား ၀င်တိုက်မှု ၂ ဦီးသေဆုံး မြန်မာနိုင်ငံသားမောင်းလာတဲ့ ကား ၊ ရပ်ထားသည့် ခရီးသည်တင်ယာဉ်အား ၀င်တိုက်မှု ၂ ဦီးသေဆုံး Reviewed by THITHTOOLWIN on 15:11 Rating: 5
Powered by Blogger.