မက်ဆီ၏ ဂျာစီအင်္ကျီ ၀တ်ဆင်ခွင့်ရသူ ကလေးငယ်ကို တာလီဘန်အဖွဲ့က ခြိမ်းခြောက်


ကဘူးလ် ၊ ၆-၅-၂၀၁၆

ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ၏ ဂျာစီအင်္ကျီကို ဝတ်ဆင်ခွင့်ရသူ အသက် ၅ နှစ်အရွယ် အာဖဂန် ကလေးငယ်သည် တာလီဘန် အဖွဲ့၏ ခြိမ်းခြောက်မှုကို ခံနေရပြီး ယင်း ကလေးငယ်၏ မိသားစုကိုလည်း နိုင်ငံ အတွင်းမှ ထွက်သွားရန် ၄င်းတို့က ဖိအားပေး ခဲ့ကြောင်း သိရသည်။

အာဖဂန်နိုင်ငံ၏ ကျေးရွာ တစ်ခုတွင် နေထိုင်သူ မာတာဇာအာမာဒီ အမည်ရှိ အဆိုပါ ကလေးငယ်သည် မက်ဆီ၏ ဂျာစီ အင်္ကျီပုံစံကို ပလတ်စတစ် အိတ်တွင် ရေးဆွဲ ဝတ်ဆင်ခဲ့မှုကြောင့် မက်ဆီကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည့် ဂျာစီအင်္ကျီကို ရရှိခဲ့သည့် အပြင် ၄င်းသည်လည်း ကမ္ဘာ့မီဒီယာ များ၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ကမ္ဘာ့မီဒီယာ များ၌ မာတာဇာ ၏ ဂုဏ်သတင်း ထင်ရှားလာပြီး နောက်မကြာမီ တာလီဘန်အဖွဲ့က ယခုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် မာတာဇာ ၏ မိဘများသည် အဆိုပါ ကျေးရွာတွင် ဆက်လက် နေထိုင်ပါက ကလေးငယ်၏ အသက်အန္တရာယ် စိုးရိမ်ရ သောကြောင့် ၄င်းတို့ ပိုင်ဆိုင်သမျှ အားလုံးကို ရောင်းချကာ အာဖဂန်နစ္စတန် မှ ပါကစ္စတန် သို့ ပြောင်းရွှေ့ထွက်ခွာ လာခြင်း ဖြစ်ကြောင်း မာတာဇာ ၏ဖခင် မူဟာမတ်အာရစ်ဖ် ကပြောကြားသည်။

ဆက်လက်ပြီး အဆိုပါ မိသားစုသည် အာဖဂန်၊ ပါကစ္စတန် အစိုးရ၊ ကုလသမဂ္ဂ အပြင် အခြားဘောလုံး အဖွဲ့ချုပ်များနှင့် ဆက်သွယ်ကာ ကလေးငယ်၏ အိပ်မက်များ အကောင်အထည် ပေါ်လာစေရန် မက်ဆီ နှင့်တွေ့ဆုံခွင့်ကို တောင်းဆို ထားသည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
မက်ဆီ၏ ဂျာစီအင်္ကျီ ၀တ်ဆင်ခွင့်ရသူ ကလေးငယ်ကို တာလီဘန်အဖွဲ့က ခြိမ်းခြောက်  မက်ဆီ၏ ဂျာစီအင်္ကျီ ၀တ်ဆင်ခွင့်ရသူ ကလေးငယ်ကို တာလီဘန်အဖွဲ့က ခြိမ်းခြောက် Reviewed by THITHTOOLWIN on 11:25 Rating: 5
Powered by Blogger.