ဓနုဖြူမြို့၌ တပ်မတော်အရာရှိတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သဖြင့် သေဆုံး


ယနေ့ (၂၆-၅-၂၀၁၆) နံနက် ၀၈:၄၀အချိန်ခန့်မှာ မအူပင်ခရိုင် ၊ ဓနုဖြူမြို့ အဝေးပြေးလမ်းမပေါ် ခလရ(၁၀၈) ဝန်းအနောက်ဘက်ရှိ ဓနုဖြူမြို့ဝင် ဘီးခွန်ကောက်ခံရာ နေရာအနီး၌ အရှိန်ပြင်းစွာမောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးက အရှေ့မှမော်တော်ကားအား ကျော်တက်စဉ် ဆိုင်ကယ်မှာတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ဆိုင်ကယ်မောင်းနှင်သူသည် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့ပြီး အဆိုပါ သေဆုံးသူမှာ ဓနုဖြူမြို့ အမှတ် (၁၀၈) တပ်တွင်းမှ အရာခံဗိုလ် တစ်ဦးဖြစ်ကြောင်း သိရသည် ။

 Ko Hla Soe
ဓနုဖြူမြို့၌ တပ်မတော်အရာရှိတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သဖြင့် သေဆုံး   ဓနုဖြူမြို့၌ တပ်မတော်အရာရှိတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သဖြင့် သေဆုံး Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.