ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်







နေပြည်တော် မေ ၂၀

ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် ပြောရေးဆိုခွင့်ရှိသူများ အမည်စာရင်းကို ထုတ်ပြန်ထားကြောင်း သိရှိရသည်။
အဆိုပါ ၀န်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီအထိ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် မီဒီယာနှင့် ထိတွေ့ဆောင်ရွက်မည့် အခြေအနေများ ညှိနှိုင်းဆွေးနွေးခြင်း၊ ပြောရေး ဆိုခွင့်နှင့် ပတ်သက်သည့် အတွေ့အကြုံများ ညှိနှိုင်း ဖလှယ်ခြင်း၊ သတင်းထုတ်ပြန်ခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်နိုင်ရေး တို့နှင့် ပတ်သက်သည့် အစီအမံများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဇွန်လအတွင်းတွင်လည်း ယူနက်စကို အပါအ၀င် မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းကာ ပြောရေးဆိုခွင့်နှင့် ပတ်သက်သည့် သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ၀န်ကြီးဌာနများအလိုက် ပြောရေးဆိုခွင့်ရှိသူ များစာရင်းကို www.moi.gov.mm နှင့် MOI Webportal Myanmar ဖေ့ဘွတ်တို့တွင် ကြည့်ရှုနိုင် ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်  ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန် Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.