နယူးယောက်မှာ Trump နဲ့ ကလင်တန် အနိုင်ရ

နယူးယောက် ပြည်နယ်မှာ အနိုင်ရရှိပြီးနောက် ဟီလာရီ ကလင်တန် အောင်ပွဲခံစဉ် (Credit: Reuters) 
အမေရိကန် ​သမ္မတလောင်း ​ရွေးချယ်ပွဲမှာ ​ရှေ့ပြေးနေတဲ့ ​Donald ​Trump ​နဲ့ ​ဟီလာရီ ​ကလင်တန်တို့ကပဲ ​နယူးယောက် ​ပြည်နယ် ​primary ​ရွေးချယ်ပွဲမှာ ​ဆက်လက် ​အနိုင်ရရှိသွားပါတယ်။

ကုဋေကြွယ်သူဌေး ​Donald ​Trump ​က ​ရီပါကလေကန် ​ပါတီအတွက် ​သမ္မတလောင်း ​ဖြစ်ဖို့ ​ပိုနီးစပ်လာသလို ​ဒီမိုကရက်ပါတီဘက်မှာလည်း ​ဟီလာရီ ​ကလင်တန်က ​သူ့ပါတီအတွက် ​သမ္မတလောင်း ​ဖြစ်ဖို့ ​နီးစပ်လာတာပါ။

အခုလောလောဆယ် ​ရလဒ်အရ ​ဒီမိုကရက်ပါတီမှာ ​Bernie ​Sanders ​က ​ဟီလာရီ ​ကလင်တန်ကို ​အနိုင်ရဖို့ ​လုံးဝ ​အလားအလာ ​မရှိတော့ဘူးလို့တောင် ​သုံးသပ်နေကြပါတယ်။

Donald ​Trump ​ဟာလည်း ​သမ္မတလောင်းဖြစ်ခွင့်ရဖို့ ​ထောက်ခံမဲ့ ​၁၂၃၇ ​မဲ ​လိုအပ်ပြီး ​အဲဒီ ​အရေအတွက် ​ရဖို့ ​ပိုနီးစပ်လာနေပြီ ​ဖြစ်ပါတယ်။

လာမယ့် ​အင်္ဂါနေ့ကျရင်လည်း ​အမေရိကန်နိုင်ငံ ​အရှေ့မြောက်ပိုင်း ​ပြည်နယ် ​၅ ​ခုမှာ ​သမ္မတလောင်း ​ရွေးချယ်ပွဲ ​ပြုလုပ်ဖို့ရှိပြီး ​အဲဒီ ​ပြည်နယ်တွေမှာလည်း ​ကလင်တန်နဲ့ ​Trump ​တို့ပဲ ​အနိုင်ရလိမ့်မယ်လို့ ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
နယူးယောက်မှာ Trump နဲ့ ကလင်တန် အနိုင်ရ နယူးယောက်မှာ Trump နဲ့ ကလင်တန် အနိုင်ရ Reviewed by THITHTOOLWIN on 15:12 Rating: 5
Powered by Blogger.