Trump ရဲ့ နျူကလီးယား အစီစဉ်ကို အိမ်ဖြူတော် ဝေဖန်

ရီပါပလေကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Donald Trump (Credit: AFP) 
ကမ္ဘာ့နိုင်ငံ ​ခေါင်းဆောင်တွေက ​နျူကလီးယား ​လက်နက်နဲ့ ​သက်ဆိုင်တဲ့ ​ညီလာခံ ​ကျင်းပနေတုန်း ​ရီပါပလေကန် ​ပါတီအတွက် ​သမ္မတလောင်းအဖြစ် ​ဝင်ပြိုင်တဲ့ ​Donald ​Trump ​ရဲ့ ​နျူကလီးယား ​ပေါ်လစီဟာ ​စိတ်ပျက်စရာ ​ကောင်းတယ်လို့ ​အမေရိကန် ​အိမ်ဖြူတော်က ​ဝေဖန်လိုက်ပါတယ်။

ဝါရှင်တန် ​ဒီစီမှာ ​ပြုလုပ်နေတဲ့ ​နျူကလီးယား ​ညီလာခံမှာ ​အကြမ်းဖက်မှုနဲ့ ​မြောက်ကိုရီးယား ​အကြောင်းကို ​အဓိက ​ဆွေးနွေးနေကြတာ ​ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ ​ခေါင်းဆောင်တွေက ​နျူကလီးယား ​လက်နက် ​မပြန့်ပွားရေးအတွက် ​လုပ်ဆောင်ချိန်မှာပဲ ​Donald ​Trump ​က ​အမေရိကန်ရဲ့ ​မဟာမိတ်ဖြစ်တဲ့ ​ဂျပန်နဲ့ ​ကိုရီးယားလို ​နိုင်ငံကို ​နျူကလီးလက်နက် ​ထုတ်လုပ်ခွင့် ​ပြုမယ်လို့ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ​မဟာမိတ် ​ဆော်ဒီ ​အာရေးဘီးယားကိုလည်း ​နျူကလီးယား ​လက်နက် ​ထုတ်လုပ်ခွင့်ပေးပြီး ​တောင်ကိုရီးယားနဲ့ ​ဂျပန်မှာ ​ရှိတဲ့ ​စစ်သားတွေကို ​ပြန်ခေါ်မယ်လို့ ​ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံကို ​IS ​အစ္စလာမ်မစ် ​အဖွဲ့က ​တိုက်ခိုက်လာရင်လည်း ​နျူကလီးယား ​လက်နက်နဲ့ ​တုန့်ပြန်လိုက်မယ်လို့ ​ပြောဆိုခဲ့ပါတယ်။

မစ္စတာ ​Trump ​ရဲ့ ​ပြောဆိုမှုတွေဟာ ​တာဝန်ယူမှု ​ကင်းမယ့်တဲ့ ​ပြောဆိုမှု ​ဖြစ်တယ်လို့ ​အမေရိကန် ​လုံခြုံရေး ​အကြံပေး ​Ben ​Rhodes ​က ​ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ​နှစ် ​၇၀ ​အတွင်း ​အမေရိကန် ​သမ္မတ ​ဖြစ်လာတဲ့ ​လူတိုင်းက ​နျူကလီးယား ​လက်နက် ​မပြန့်ပွားတာကို ​လိုချင်ပေမယ့် ​Donald ​Trump ​ရဲ့ ​ပြောဆိုမှုက ​အမေရိကန်က ​နျူကလီးယား ​လက်နက် ​ပြန့်ပွားမှုကို ​အလိုရှိနေတယ်လို့ ​ပြောဆိုရာ ​ရောက်ပြီး ​ပြဿနာ ​ကြီး ​ဖြစ်ပေါ်စေနိုင်တယ်လို့ ​ဝေဖန်လိုက်ပါတယ်။

အရင်တုန်းက ​Donald ​Trump ​ကို ​နိုင်ငံရေး ​သမားတွေက ​အလေးမထားခဲ့ပေမယ့် ​Donald ​Trump ​ဟာ ​သမ္မတလောင်း ​ပြိုင်ပွဲမှာ ​တဖြေးဖြေး ​အနိုင်ရလာတဲ့အတွက် ​Donald ​Trump ​အပေါ် ​စောင့်ကြည့်မှုတွေ ​ဝေဖန်မှုတွေ ​ပိုလုပ်လာနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Trump ရဲ့ နျူကလီးယား အစီစဉ်ကို အိမ်ဖြူတော် ဝေဖန် Trump ရဲ့ နျူကလီးယား အစီစဉ်ကို အိမ်ဖြူတော် ဝေဖန် Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.