ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မဟုတ်မမှန်ပြောသည်ဟု Red Link ကုမ္ပဏီ သတင်းထုတ်ပြန်


Red Link Communications ကုမ္ပဏီနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၏ ပြောကြားချက်များသည် ဟုတ်မှန်ခြင်းမရှိကြောင်း Red Link ကုမ္ပဏီက မတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် Red Link ကုမ္ပဏီ၌ ရှယ်ယာအချို့ပိုင်ဆိုင်ထားသော ဦးတိုးနိုင်မန်း၏ ဖခင် သူရဦးရွှေမန်းအား နိုင်ငံရေးချုံခိုတိုက်လိုရုံသက်သက်အတွက် ဦးရဲထွဋ်က ''ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့် ကိစ္စပါ။ သတင်းခေါင်းစဉ်တွင် 2600 MHz လှိုင်းနှုန်းကိစ္စကို ဥပမာပေး၍ မိမိတို့ ကုမ္ပဏီ ထိခိုက်နစ်နာစေရန် အလို့ငှာ မိမိတို့ Red Link Communications ကုမ္ပဏီအား အချက်အလက်အမှား၊ သတင်းမှားများဖြင့် မိမိတို့၏၀န်ဆောင်မှုများကို သုံးစွဲသူ ပြည်သူများမှ ထင်ယောင်ထင်မှား ဖြစ်စေရန် နိုင်ငံတော်မှ နစ်နာ နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် “2600 MHz လှိုင်းနှုန်းကိစ္စဆိုရင် Red Link ကုမ္ပဏီနဲ့ ရတနာပုံတယ်လီပို့က ၂၀၀၉ ခုနှစ် ကတည်းက အဲဒီလှိုင်းနှုန်းကို စီးပွားရေးအတွက် အခမဲ့သုံးနေတာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် နစ်နာမှုမရှိအောင် လေလံပစ်ရတာ ဖြစ်ပါတယ်။ ပြီးရင် အခမဲ့ သုံးထားတဲ့နှစ်တွေအတွက် ငွေကြေးပြန် လည်တောင်းခံဖို့လည်း ရှိပါတယ်''ဟု ဦးရဲထွဋ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ မိမိတို့ကုမ္ပဏီသည် တရားဥပဒေနှင့်အညီ ရပ်တည်နေသော ကုမ္ပဏီဖြစ် ပြီး မည်သည့်အခါတွင်မျှ နိုင်ငံတော် နစ်နာစေ ရန်ပြုမူဆောင်ရွက်ခြင်းမရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ပြောဆိုခဲ့သော ၀န်ကြီးဟောင်း ဦးရဲထွဋ်၏ သတင်းအမှားအား ကန့်ကွက်ကြောင်း Red Link ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မဟုတ်မမှန်ပြောသည်ဟု Red Link ကုမ္ပဏီ သတင်းထုတ်ပြန်  ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မဟုတ်မမှန်ပြောသည်ဟု Red Link ကုမ္ပဏီ သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.