PNG လေယာဉ်ပျက်ကျမှုမှာ ၁၂ ဦးသေ

အခု ပျက်ကျသွားတဲ့ လေယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ် အမျိုးအစား (Credit: ABC licensed) 
ပါပူဝါ ​နယူးဂီနီနိုင်ငံ ​အလယ်ပိုင်းမှာ ​ဆင်းသက်ဖို့ ​ကြိုးစားတဲ့ ​လေယာဉ်ငယ် ​တစ်စီး ​မတော်တဆမှု ​ဖြစ်ရာကနေ ​လူ ​၁၂ ​ဦး ​သေဆုံးခဲ့ရပါတယ်။

သြစတြေးလျ ​နိုင်ငံသား ​လေယာဉ်မှူး ​မောင်းနှင်တဲ့ ​လေယာဉ်ဟာ ​Kiunga ​လေဆိပ်နဲ့ ​မနီးမဝေးမှာ ​ပျက်ကျသွားတာ ​ဖြစ်ပါတယ်။

မနေ့တုန်းက ​ဖြစ်ခဲ့တဲ့ ​မတော်တဆမှုအတွင်း ​လေယာဉ်မှူးအပါအဝင် ​အားလုံး ​သေဆုံးရတာ ​ဖြစ်ပါတယ်။

လေယာဉ် ​စက်အင်္ဂျင်ချို့ယွင်းမှုကြောင့် ​ပျက်ကျရတာလို့လည်း ​ပြောဆိုနေကြပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေး ​ဌာနကလည်း ​လေယာဉ် ​မောင်းသမားဟာ ​သြစတြေးလျ ​နိုင်ငံသား ​ဖြစ်ပြီး ​သေဆုံးတဲ့အထဲမှာ ​ပါဝင်တယ်လို့ ​အတည်ပြု ​ပြောဆိုခဲ့ပါတယ်။

ခရီးသည်တွေကတော့ ​ပါပူဝါ ​နယူးဂီနီနိုင်ငံသားတွေပဲလား ​တခြားနိုင်ငံသားတွေ ​ပါသေးလား ​ဆိုတာ ​မသိရသေးပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese

PNG လေယာဉ်ပျက်ကျမှုမှာ ၁၂ ဦးသေ PNG လေယာဉ်ပျက်ကျမှုမှာ ၁၂ ဦးသေ Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.