အငှားယာဉ်များ နှင့်ပက်သက်၍ ကျေနပ်မှုမရှိပါက OCC သို့ တိုင်ကြားနိုင်

ရန်ကုန်မြို့တွင်း ယာဉ်များ သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင်လျက် ရှိသည့်  အငှားယာဉ်များပေါ်၌ ခရီးသည် များကို ပေါင်း၍ တင်ဆောင်ခြင်းများ ရှိလာသည့် အတွက် ကျေနပ်မှု မရှိပါက OCC (Online Complain Center ) သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ တိုင်ကြားပါကလည်း ချက်ချင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အငှားယာဉ်များနှင့် ပတ်သက်၍ စည်းကမ်းပိုင်း ဆိုင်ရာ အုပ်ချုပ်မှုများကို မ-ထ-သ (ဗဟို) မှ ဆောင်ရွက်လျက် ရှိပြီး အုပ်ချုပ်မှု အဖွဲ့များ ပြန်လည် ဖွဲ့စည်းပါက  နောက်ပိုင်းတွင် အငှားယာဥ်အုပ်ချုပ်မှုနှင့် ပတ်သက်၍ သီးသန့် အဖွဲ့အစည်း တစ်ခု ပေါ်ပေါက်လာမည် ဖြစ်ကြောင်း သိရသည်။

အငှားယာဉ်များနှင့် ပတ်သက်၍ OCC သို့ တိုင်ကြားမှု ပြုလုပ်ပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ခရီးသည်အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ရှိခဲ့ ပါက ရဲမှုခင်း အရပါ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
အငှားယာဉ်များ နှင့်ပက်သက်၍ ကျေနပ်မှုမရှိပါက OCC သို့ တိုင်ကြားနိုင်  အငှားယာဉ်များ နှင့်ပက်သက်၍ ကျေနပ်မှုမရှိပါက OCC သို့ တိုင်ကြားနိုင် Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.