Mossack Fonseca ရုံးကို ရဲတွေ ဝင်စီး

Mossack Fonseca ဌာနချုပ် အပြင်မှာ ရောက်ရှိနေတဲ့ ရဲ (Credit: Reuters) 
Panama ​Papers ​လို့ခေါ်တဲ့ ​မီဒီယာဆီ ​ပေါက်ကြားတဲ့ ​အချက်အလက်တွေအရ ​Mossack ​Fonseca ​ဥပဒေ ​အကျိုးဆောင် ​အဖွဲ့ဟာ ​ကမ္ဘာတလွှားက ​ချမ်းသာသူတွေ ​အခွန်ရှောင်နိုင်အောင် ​လုပ်ဆောင်ပေးတယ်လို့ ​စွပ်စွဲခံရပြီးနောက် ​ရဲတွေက ​Mossack ​Fonseca ​ဌာနချုပ်ကို ​ဝင်ရောက် ​စီးနှင်းမှု ​လုပ်လိုက်ပါတယ်။ ​'

ပနားမား ​မြို့က ​ရုံးချုပ်အပြင် ​တခြား ​ဌာနခွဲတွေကိုလည်း ​ဝင်ရောက် ​ရှာဖွေမှုတွေ ​လုပ်မယ်လို့ ​ပနားမား ​ရဲက ​ပြော်ပါတယ်။

အင်္ဂါနေ့ ​မွန်းလွဲပိုင်းက ​စပြီး ​ရဲတွေက ​Mossack ​Fonseca ​ရုံးချုပ်နားကို ​တဖြေးဖြေး ​ရောက်ရှိလာပြီး ​ဝင်ရောက်စီးနှင်းကြတာ ​ဖြစ်ပါတယ်။

Mossack ​Fonseca ​ကို ​မီဒီယာ ​တွေက ​ဆက်သွယ်ပေမယ့် ​ဘာတုန့်ပြန်ချက်မှ ​လုပ်ထားတာ ​မရှိပါဘူး။

ဒါပေမဲ့ ​Mossack ​Fonseca ​တည်ထောင်ရေးမှာ ​ပါဝင်တဲ့ ​Ramon ​Fonseca ​ကတော့ ​သူတို့ ​ကုမ္ပဏီအနေနဲ့ ​ဥပဒေ ​ချိုးဖောက်မှုတွေ ​မလုပ်ရသလို၊ ​စာရွက်စာတမ်း ​ဖျက်ဆီးလိုက်တာမျိုးလည်း ​မလုပ်ခဲ့ရဘူးလို့ ​ပြောဆိုထားပါတယ်။

Mossack ​Fonseca ​ဥပဒေ ​အကျိုးဆောင် ​ကုမ္ပဏီဟာ ​ကမ္ဘာတဝှမ်းက ​ကြွယ်ဝ ​ချမ်းသာတဲ့လူတွေ၊ ​နာမည်ကြီး ​ပုဂ္ဂိုလ်နဲ့ ​နိုင်ငံရေး ​သမား ​တချို့အတွက် ​အကျိုးဆောင်ပေးနေတာ ​ဖြစ်ပါတယ်။

နိုင်ငံတကာက ​လူတွေကို ​အကျိုးဆောင်ပေးတဲ့အတွက် ​Panama ​Papers ​ပေါက်ကြားမှုက ​ကမ္ဘာတလွှားအပေါ် ​သက်ရောက်မှုတွေ ​ဖြစ်နေပါတယ်။

အဲဒီ ​ပေါက်ကြားမှုနဲ့ ​ဆက်စပ်ပြီး ​Iceland ​ဝန်ကြီးချုပ်ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​တောင်းဆိုမှုတွေ၊ ​ဗြိတိန်ဝန်ကြီးချုပ်က ​သူ့အခွန် ​မှတ်တမ်းကို ​ချပြလိုက်ရတာတွေလုပ်ခဲ့ပြီး ​ရုရှား ​သမ္မတကတော့ ​အမေရိကန်က ​သူ့ကို ​တမင်အကွက်ဆင်တာ ​ဆိုပြီး ​တုန့်ပြန်ရတဲ့အထိ ​ဖြစ်ပေါ်ခဲ့ပါတယ်။

တရုတ်အစိုးရကလည်း ​Panama ​Papers ​ကို ​လိုက်ပြီး ​ဆင်ဆာလုပ်နေရသလို ​အခွန်ရှောင်တဲ့အထဲမှာ ​သြစတြေးလျ၊ ​ပြင်သစ်၊ ​မက္ကဆီကို၊ ​အိန္ဒိယ၊ ​ပီရူး၊ ​စပိန်နဲ့ ​မြန်မာက ​လူချမ်းသာတွေလည်း ​အဲဒီ ​ကုမ္ပဏီကို ​အသုံးပြုတဲ့အကြောင်းကို ​လူတွေ ​သိခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Mossack Fonseca ရုံးကို ရဲတွေ ဝင်စီး Mossack Fonseca ရုံးကို ရဲတွေ ဝင်စီး Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.