မော်လမြိုင် Miss နှင့် မိခင်ဖြစ်သူ အမြန်လမ်းတွင် ကားမတော်တဆ မှုကြောင့် ကွယ်လွန်


Miss Universe Myanmar 2015 & 16 ပြိုင်ပွဲ တွင် top 5ရရှိခဲ့သူမအိဖြိုးသွယ်နှင့်မိခင်ဖြစ်သူတို့မိသားစုနှင့်အတူခရီးထွက်စဉ်ရန်ကုန်နေပြည်တော်အမြန်လမ်းမကြီး၌ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးခဲ့ရကြောင်းမြို့ချောင်းရဲစခန်းမှ သတင်းရရှိသည်။

မိသားစုဝင် ငါးဦးနှင့်အတူ မအိဖြိုးသွယ်မောင်းနှင်လာသည့် Prado ယာဉ်မှာ အမြန်လမ်း မိုင်တိုင် ၉၇မိုင် ၃ ဖာလုံအရောက်တွင် အရှိန်လွန်၍လမ်းလည်ကျွန်းကို ၀င်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

"ကားတစ်စီးလုံး မိသားစုတွေ ချည်းပဲ။ အဖေက ကားမောင်းရင်း အိငိုက်လို့ မအိဖြိုးသွယ်က ၀င်မောင်းတာမှာ ဖြစ်တာ။မအိဖြိုးသွယ် ရဲ့ ဦးခေါင်နောက်စေ့ ဖူးယောင် ဒဏ်ရာ၊ နားနှာခေါင်း သွေးထွက်ဒဏ်ရာ ရပြီး ဆုံးတယ်။ အမေဖြစ်သူ ဒေါ်သန်းသန်း ၅၅ နှစ်က ဦးခေါင်းထိပ်နဲ့ ၀ဲဖက်ခြမ်း ပေါက်ပြဲ ဒဏ်ရာနဲ့ ဆုံးတယ်" ဟု မြို့ချောင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

ကားပေါ်တွင် လိုက်ပါလာသော ကျန်မိသာစုဝင်များကို မြို့ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မအိဖြိုးသွယ်မှာ Miss universe malamyine 2015 ဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

HAP
Pyi Myanmar
https://www.facebook.com/pyimyanmarnews
မော်လမြိုင် Miss နှင့် မိခင်ဖြစ်သူ အမြန်လမ်းတွင် ကားမတော်တဆ မှုကြောင့် ကွယ်လွန်  မော်လမြိုင် Miss နှင့် မိခင်ဖြစ်သူ အမြန်လမ်းတွင် ကားမတော်တဆ မှုကြောင့် ကွယ်လွန် Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.