သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် Love Coffee


သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် ကာမစိတ်ကြွစေနိုင်သည့် ကော်ဖီမစ်ဆိုတဲ့ သတိပေးသတင်းတခုကို (ဖေ့စ်ဘွတ်) မှာ တမြန်နှစ်ဒီအချိန်လောက်က တွေ့ခဲ့ရပါတယ်။

အဲတာနဲ့ လေ့လာကြည့်တော့ ဒီလိုဒီလို တွေ့ရပါတယ်။
သတင်းရေးသူရေးသလို ကော်ဖီမစ်တော့ မဟုတ်ပါ။ တရုပ်လုပ်ဖြစ်ပါတယ်။ Love Coffee (XS-X0014-D) လို့ အရောင်းကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။

လိင်စိတ်အားပေးစေတဲ့ကော်ဖီလို့ ရေးထားပါတယ်။ ကြော်ညာတဲ့ဆိုက်က ရေးထားတဲ့ အင်္ဂလိပ်စာက အမြီးအမောက်သိပ်မတည့်တာလည်း သတိထားမိပါတယ်။ ကြောညာထဲမှာ (ပရက်ဆီးဒင့်) ဆိုသူဟာ ဒီကော်ဖီဆိုတာသောက်ပြီး ၁ဝ မိနစ်နေတော့ အသက်ရှူမဝသလိုဖြစ်လာ၊ ခေါင်းထဲရှိတာကို ဖွင့်ပြချင်လာ၊ ဆန့်ကျင်ဘက်လိင်နဲ့ အတူနေချင်လာတယ်လို့ ဆိုပါတယ်။
3000mg ပါတဲ့ ၄ ထုပ်ကို စက္ကူဘူးမှာထည့်ပြီး ရောင်းချပါသတဲ့။ တထုပ်ကို ရေနွေးပူပူ ၁၅ဝ စီစီထဲမှာ ဖျော်ရတယ်။

သတိပေးချက်တွေလည်း ရေးထားပါသေးတယ်။ အသက် ၁၈ နှစ်အောက်မိန်းကလေးများ မသောက်ရ။ မဖွယ်မရာ လိင်ဆက်ဆံရာမှာ မသုံးရ။ ကိုယ်ဝန်ဆောင်နေရင် ရှောင်ကျဉ်ပါတဲ့။

ဒီကုမ္ပဏီရဲ့ ထုတ်ကုန်စာရင်းထဲမှာ ဒါတွေလဲပါသေးတယ်။

1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။

2. Male and female health products Man and woman Sex products ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာရေးနှင့် လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ = ကွန်ဒွမ်၊ လိင်ဆေးတောင့်၊ လိင်ဆေးပြား၊ ဗိုင်ယာဂရာ (ပန်းသေခြင်းအတွက်ဆေး)၊

3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခုပြောနေတာက ဒီခေါင်းစဉ်အောက်ကပါ။
တရုပ်နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုးမြို့ကထုတ်နေတာဖြစ်ပါတယ်။

• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊

• Kamagra-100 Sildenafil Citrate Tabletsပန်းသေပန်းညှိုးအတွက်ဆေး၊
• Mens Coffee ယောက်ျားသောက်ကော်ဖီ၊
• STIFF NIGHTS ကျား-စိတ်လာဆေး၊
• Love Coffee မ-စိတ်လာဆေး

စတဲ့တခြားဆေးအမျိုးမျိုးတွေလည်း ကြောညာမှာပါသေးတယ်။
ကြော်ညာမှန်းသိစေတဲ့ နောက်တချက်က သူ့ ဝက်ဘ်ဆိုက်ကိုဖွင့်နေရင်း ဆေးအရောင်းကိုယ်စားလှယ်က ကျွန်တော်တို့ အွန်လိုင်းမှာရှိပါတယ်ဆိုပြီးအသိပေးချက်က တောက်လျှောက်ထွက်နေပါတယ်။ FDA ခွင့်ပြုချက် မပါတာ သတိထားရပါမယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ထိရောက်မှုအတွက် သုတေသနလုပ်ထားတာမတွေ့ရပါ။

သင်္ကြန်တွင်းကြ ယူကြုံးမရမဖြစ်ရအောင်ကိုရေးတော့ တယောက်ကမေးပါတယ်။ ဘယ်လိုအစားအသောက်တွေထဲ ခပ်နိုင်သလဲဆရာတဲ့။ ဘီယာအပါအဝင် အရက်အမျိုးမျိုး၊ ကိုလာအပါအဝင် အရည်အမျိုးမျိုး၊လိမ်မော်ရည်အပါအဝင် သောက်စရာအမျိုးမျိုး၊ နောက်ပြီး ရွှေရင်အေးထဲလဲ ခပ်နိုင်ပါမယ်။ အခုရေးသလို ကော်ဖီထဲမှာလဲ ညစ်ညမ်းဆေးက တခါတည်းပါပြီး ဖြစ်နေနိုင်တာကို သတိပေးပါရစေ။
သင်္ကြန်မှာသာမက နှစ်ကူးပြီးရင်ပါ သတိထားကြစေချင်ပါတယ်။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုတာ မှန်သလို မကောင်းတာလုပ်ချင်သူတွေက နားရက်မယူကြလို့ပါ ဖြည့်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် Love Coffee  သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် Love Coffee Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.