ISIS အဖွဲ့က ဖိလစ်ပိုင်တောင်ပိုင်းတွင် အခြေစိုက်ရန် ပစ်မှတ်ထား


ဝါရှင်တန် ၊ ၂၈-၄-၂၀၁၆

ISIS စစ်သွေးကြွ အဖွဲ့သည် အရှေ့ အလယ်ပိုင်းမှ ရှုံးနိမ့်မှုဖြင့် ထွက်ခွာရပါက ၄င်းတို့၏ နယ်နိမိတ်ကို တိုးချဲ့ရန် ဗဟိုအစိုးရ ထိန်းချုပ်မှု အားနည်းသော ဖိလစ်ပိုင် တောင်ပိုင်းသို့ ဝင်ရောက်ကာ အခြေစိုက် နိုင်ဖွယ် ရှိသည်ဟု ပုဂ္ဂလိက လုံခြုံရေးနှင့် ထောက်လှမ်းရေး အဖွဲ့ဖြစ်သည့် The Soufan Group (TSG) က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန် ထားသည်။

လက်ရှိ အချိန်တွင် ဖိလစ်ပိုင် တောင်ပိုင်း အပါအဝင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ တို့မှ တိုက်ခိုက်ရေးသမား ၇ဝဝ မှ ၁ဝဝဝ ခန့်သည် ဆီးရီးယားရှိ ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းလျက် ရှိကြောင်း TSG အဖွဲ့က ခန့်မှန်းထားသည်။

'' ISIS စစ်သွေးကြွ အဖွဲ့က နယ်မြေ သိမ်းပိုက်မှုတွေ ဆက်လက် လုပ်ဆောင်ဖို့ သူတို့အနေနဲ့ ကြားခံနယ် တစ်ခုလိုအပ် ပါတယ်။ အဲဒီအတွက် အရှေ့တောင် အာရှဒေသမှာ ရှိတဲ့ ဖိလစ်ပိုင် တောင်ပိုင်းကို အခြေစိုက်နေရာ အဖြစ် ယခုနှစ်အတွင်း ပုံဖော်သွားဖွယ် ရှိနေပါတယ်'' ဟု အဆိုပါ စစ်သွေးကြွ အဖွဲ့က ထုတ်ပြန်ချက်တွင် ပြောကြား ထားသည်။

ISIS စစ်သွေးကြွ အဖွဲ့က ၄င်းတို့၏ နောက်ထပ် အခြေစိုက် နေရာအဖြစ် လစ်ဗျားနိုင်ငံကို ပစ်မှတ်ထား နေကြောင်း ကမ္ဘာ့နိုင်ငံ အများစုက သုံးသပ်ထား သော်လည်း ယင်းနိုင်ငံသည် ISIS စစ်သွေးကြွ အဖွဲ့ တည်ရှိရန် ခက်ခဲသည့် နေရာဖြစ် သည်ဟု TSG အဖွဲ့က ရှင်းလင်း ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com

ISIS အဖွဲ့က ဖိလစ်ပိုင်တောင်ပိုင်းတွင် အခြေစိုက်ရန် ပစ်မှတ်ထား  ISIS အဖွဲ့က ဖိလစ်ပိုင်တောင်ပိုင်းတွင် အခြေစိုက်ရန် ပစ်မှတ်ထား Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.