ISIS အဖွဲ့၏ ငွေသားအမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ကို လေကြောင်းမှ ဖျက်ဆီးနိုင်ခဲ့


လန်ဒန် ၊ ၂၈-၄-၂၀၁၆

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့သည် ISIS စစ်သွေးကြွ အဖွဲ့က ပိုင်ဆိုင်သော ငွေသား အမေရိကန်ဒေါ်လာ သန်း ၈ဝဝ ခန့်ကို လေကြောင်းမှ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ သည်ဟု အမေရိကန် လေတပ်မှ ဗိုလ်ချုပ် ပီတာဂါစတန် က ပြောကြား ထားသည်။

အဆိုပါ ညွန့်ပေါင်း တပ်ဖွဲ့သည် ISIS စစ်သွေးကြွ အဖွဲ့က ငွေသားများ သိုဝှက်ထားသည့် အီရတ်နိုင်ငံရှိ နေအိမ်တစ်လုံး အပါအဝင် ဂိုဒေါင်များကို ပစ်မှတ်ထား၍ လေကြောင်းမှ အကြိမ် ၂ဝ ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းလေကြောင်း တိုက်ခိုက်မှု အတွင်း ISIS စစ်သွေးကြွ  အဖွဲ့၏ ငွေသား အမေရိကန်ဒေါ်လာ သန်း ၈ဝဝ ခန့်ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ညွန့်ပေါင်းတပ်ဖွဲ့ စစ်ဆင်ရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ တွဲဖက်တပ်မှူး တစ်ဦး ဖြစ်သည့် ဗိုလ်ချုပ် ပီတာဂါစတန် က ထုတ်ဖော် ပြောကြားသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် ယခုအခါ အဖွဲ့မှ ထွက်ပြေးသူဦးရေ မြင့်တက်လာခြင်း၊ လူသစ် စုဆောင်းမှု လျော့ကျခဲ့ခြင်း တို့နှင့် ရင်ဆိုင်နေရသည့် အပြင် ဘဏ္ဍာရေး အခြေအနေ မှာလည်း လျော့ကျ လာလျက်ရှိကြောင်း၊ ၄င်းတို့အနေဖြင့် အဖွဲ့ဝင်များအား ငွေကြေး ပေးအပ်ရန် နှင့် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမ ရှိတော့သည်ကို မိမိတို့ မြင်တွေ့ နေရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့သည် ISIS စစ်သွေးကြွ အဖွဲ့၏ ငွေသားသိုဝှက် ထားရာ နေရာများအား အဓိက ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု များကို ဧပြီ ၅ ရက်မှစ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ISIS အဖွဲ့၏ ငွေသားအမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ကို လေကြောင်းမှ ဖျက်ဆီးနိုင်ခဲ့  ISIS အဖွဲ့၏ ငွေသားအမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ကို လေကြောင်းမှ ဖျက်ဆီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 11:42 Rating: 5
Powered by Blogger.