ဒမတ်စကပ်မြို့ အရှေ့တောင်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ်မှူးအား ISIS အဖွဲ့ ဖမ်းဆီးထား


ဒမတ်စကပ် ၊ ၂၄-၄-၂၀၁၆

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့ အရှေ့တောင်ပိုင်း တွင် ဧပြီ ၂၃ ရက်က ဆီးရီးယား စစ်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးအား ISIS စစ်သွေးကြွ အဖွဲ့က ဖမ်းဆီး ထားကြောင်း ၄င်းအဖွဲ့၏ သတင်းဌာန တစ်ခုက ဖော်ပြထားသည်။

ဆီးရီးယား လေတပ်ပိုင် MiG-23 အမျိုးအစား လေယာဉ်သည် မြေပြင်မှ ပစ်ခတ်မှုကြောင့် မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်း မှုကြောင့် ISIS စစ်သွေးကြွ အဖွဲ့ထိန်းချုပ်ထားသည့် ဒေသတွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ အဇမ်အစ် အမည်ရှိ လေယာဉ်မှူး မှာ လေထီးဖြင့် ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း ဆီးရီးယား စစ်ဘက်သတင်း အရင်းအမြစ် များက ပြောကြား ထားသည်။

သို့သော် ယင်း လေယာဉ် ပျက်ကျမှုသည် ၄င်းတို့ လက်ချက်ကြောင့် ဖြစ်ပြီး လေယာဉ်မှူး ကိုလည်း ဖမ်းဆီး ထားသည်ဟု ISIS စစ်သွေးကြွ အဖွဲ့က ဗီဒီယိုဖိုင် တစ်ခုတွင် ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
ဒမတ်စကပ်မြို့ အရှေ့တောင်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ်မှူးအား ISIS အဖွဲ့ ဖမ်းဆီးထား  ဒမတ်စကပ်မြို့ အရှေ့တောင်ပိုင်းတွင် စစ်လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ်မှူးအား ISIS အဖွဲ့ ဖမ်းဆီးထား Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.