ISIS အဖွဲ့က ဆီးရီးယား တိုက်လေယာဉ်ကို ပစ်ချပြီး လေသူရဲကို အယ်လ်နျူဆရာတပ်ဦး ဖမ်းဆီးထား


ဒမတ်စကတ် ၊ ၆-၄-၂၀၁၆

ဆီးရီးယား တိုက်လေယာဉ် တစ်စင်းသည် အလက်ပိုမြို့ ၌ ကင်းထောက် လုပ်ငန်းများ ဆောင်ရွက်နေစဉ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ ရကြောင်းနှင့် လေသူ ရဲမှာ လေယာဉ် အတွင်းမှ ခုန်ထွက် နိုင်ခဲ့ကြောင်း ဆီးရီးယား စစ်ဘက်၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြ ထားသည်။

သို့သော် အဆိုပါ လေသူရဲသည် အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်သည့် အယ်လ်နျူဆရာ တပ်ဦးအဖွဲ့ ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း ဆီးရီးယား လူ့အခွင့် အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့နှင့် အကြမ်းဖက်အဖွဲ့ က ပြောကြားသည်။

ပစ်ချခံရသော လေယာဉ်သည် ရုရှားနိုင်ငံလုပ် Su-22 တိုက်လေယာဉ် ဖြစ်ပြီး ၄င်းကို ISIs အကြမ်းဖက် အဖွဲ့က ပစ်ချခဲ့ခြင်း ဖြစ်သည် ဟု ဗြိတိန်အခြေစိုက် အဆိုပါ စောင့်ကြည့် လေ့လာရေးအဖွဲ့က အစောပိုင်းတွင် ပြောကြား ထားသည်။

အယ်လ်နျူဆရာ တပ်ဦး အကြမ်းဖက် အဖွဲ့သည် အလက်ပို ပြည်နယ်ရှိ ဒေသ အများအပြားကို ဆီးရီးယား အတိုက်အခံတို့၏ လက်အတွင်းမှ ပြန်လည် သိမ်းပိုက်မှုများ ရှိနေကြောင်း ဆီးရီးယားနိုင်ငံရှိ ရုရှားညှိနှိုင်း ဆွေးနွေးရေး အဖွဲ့က ဧပြီ ၂ ရက်တွင် ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
ISIS အဖွဲ့က ဆီးရီးယား တိုက်လေယာဉ်ကို ပစ်ချပြီး လေသူရဲကို အယ်လ်နျူဆရာတပ်ဦး ဖမ်းဆီးထား  ISIS အဖွဲ့က ဆီးရီးယား တိုက်လေယာဉ်ကို ပစ်ချပြီး လေသူရဲကို အယ်လ်နျူဆရာတပ်ဦး ဖမ်းဆီးထား Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.