စစ်ကိုင်းတိုင်း အတွင်း ကြက်ငှက် တုပ်ကွေးရောဂါ H9N2 ကြောင့် ကြက်ကောင်ရေ နှစ်သောင်းကျော် ဖျက်ဆီး

မြန်မာနိုင်ငံ အတွင်းရှိ မွေးမြူရေး ကြက်ခြံတစ်ခြံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

    စစ်ကိုင်း တိုင်းဒေသကြီး အတွင်း ကြက်ငှက် တုပ်ကွေးရောဂါ H9N2 ကြောင့် ကြက်ကောင်ရေ နှစ်သောင်းကျော် ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

အဆိုပါ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန် ရောဂါပိုး စတင် တွေ့ရှိသော ဧပြီလ ၁၅ ရက်နေ့မှ စတင်ပြီး ဧပြီလ ၁၉ ရက်နေ့ထိ ကြက်များကို နေ့စဉ် သုတ်သင် ရှင်းလင်းခဲ့ကြောင်း သိရသည်။

မုံရွာ မြို့နယ်အတွင်းရှိ ကြက်ခြံပိုင်ရှင် ၂၉ ဦးပိုင် ကြက်ခြံပေါင်း ၄၇ ခြံမှ ကြက်ကောင်ရေ ၂၃,၂၂၆ ကောင်အား သုတ်သင် ရှင်းလင်း ဖျက်ဆီးခဲ့သည်။

ရောဂါ ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များ အဖြစ် ကြက်မွေးမြူရေး ဇုန်အတွင်းရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင် ၈၈ ဦး၏ ကြက်ခြံပေါင်း ၁၆၈ ခြံကို ပိုးသတ်ဆေးဖျန်းခြင်းများ ပြုလုပ်လျက် ရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
စစ်ကိုင်းတိုင်း အတွင်း ကြက်ငှက် တုပ်ကွေးရောဂါ H9N2 ကြောင့် ကြက်ကောင်ရေ နှစ်သောင်းကျော် ဖျက်ဆီး  စစ်ကိုင်းတိုင်း အတွင်း ကြက်ငှက် တုပ်ကွေးရောဂါ H9N2 ကြောင့် ကြက်ကောင်ရေ နှစ်သောင်းကျော် ဖျက်ဆီး Reviewed by THITHTOOLWIN on 15:39 Rating: 5
Powered by Blogger.