လှိုင်သာယာမြို့နယ်၊ စွန့်ပစ်အမှိုက်ပုံအတွင်းမှ ကျည်ဆံများတွေ့ရှိ


ရန်ကုန်၊ ဧပြီ ၁၉

၁၈.၄.၂၀၁၆ ရက်နေ့ ၂၁၄၅ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစု
ကျေးရွာ၊ ထိန်ပင်သုသာန် ၀င်းအတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန စွန့်ပစ်အမှိုက်
ပုံတွင် ကျည်ဆံများတွေ့ရှိကြောင်း သတင်းအရလှိုင်သာယာမြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါကျည်ဆံများနှင့်
ပတ်သက်၍ အမျိုးအစားအတည်ပြုစစ်ဆေးနိုင်ရန် နယ်မြေခံအမှတ်(၅၃၂)
ခြေမြန်တပ်ရင်းသို့ အကြောင်းကြားခဲ့ပါသည်။

ထိုသို့အတည်ပြုစစ်ဆေးခဲ့ရာ ၇.၆၂ G3 ကျည် ၄၀ တောင့်၊ ၇.၆၂AK 47
ကျည် ၂ တောင့်၊ ၅.၅၆MA Series ကျည် ၁၉ တောင့်၊ ၅.၅၆M16 ကျည်၂၃
တောင့်၊ 9MM ကျည် ၄၈ တောင့်၊ .၃၀ကာဘိုင်ကျည် ၁၁ တောင့်၊ .၃၀၃
မီလီမီတာပို့ကျည် ၂တောင့်၊ ၉၁ လက်ပစ်ဗုံး (Fuse မပါ) ၁ လုံး၊ လက်ပစ်
ဗုံး(Fuse)၃ ခု၊ 9မီလီမီတာ BA 94 စတင်းကျည်ဘောက် ၁ခု၊ ကာဘိုင်ကျည်
ဘောက် ၂ ခု၊ ၅.၅၆(၃၅)တောင့်ဝင်ကျည်ဘောက် ၁ခု၊ ၅.၅၆ (၂၀)တောင့်ဝင်
ကျည်ဘောက် ၁ခုတို့ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းလက်ပစ်ဗုံး၊ ကျည်ဆံများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ပေးပို့အပ်နှံသွား
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လှိုင်သာယာမြို့နယ်၊ စွန့်ပစ်အမှိုက်ပုံအတွင်းမှ ကျည်ဆံများတွေ့ရှိ  လှိုင်သာယာမြို့နယ်၊ စွန့်ပစ်အမှိုက်ပုံအတွင်းမှ ကျည်ဆံများတွေ့ရှိ Reviewed by THITHTOOLWIN on 03:55 Rating: 5
Powered by Blogger.