လယ်ယာမြေပြဿနာတွေမှာ တရားမျှတရေး တောင်းဆို


လယ်ယာမြေပြဿနာတွေမှာ တရားမျှတမှုရှိစေဖို့အတွက်ဆိုပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာ ဒေသခံ ၁၀၀ လောက်က ရပ်စောက်မြို့တော်ခန်းမရှေ့ကနေ လွတ်လပ်ရေးကျောက်တိုင်အထိ ဒီနေ့မနက်က လမ်းလျှောက်ပြီး တောင်းဆိုကြပါတယ်။

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လယ်ယာမြေကိစ္စတွေကို သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးစိန်ဝင်း က ပြောပါတယ်။

အဲ့ဒီဆန္ဒပြပွဲကို ရပ်စောက်မြို့နယ်က ဒေသခံတွေအပြင် တောင်ကြီးနဲ့ ပင်းတယမြို့တွေက ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ရပ်စောက်မြို့နယ်အတွင်းမှာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေကသာ တရားစွဲခံနေရပြီး တရားရုံးတွေက တောင်သူတွေဘက်က ပြန်လည်တရားစွဲဆိုတာကို လက်မခံသလို အမှုတွေကိုလည်း အပြီးသတ်အမိန့််ချမှတ်တာမရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
လယ်ယာမြေပြဿနာတွေမှာ တရားမျှတရေး တောင်းဆို  လယ်ယာမြေပြဿနာတွေမှာ တရားမျှတရေး တောင်းဆို Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.