ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ


 တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ ၁၂

၁၃၇၇ ခုနှစ်၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ၂၀၁၆ခုနှစ်၊ ဧပြီ ၁၂ ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ မြို့မဈေးကြီးရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပကြောင်း သိရသည်။


ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ၁၃၇၇ ခုနှစ်၊ တောင်ကြီးမြို့၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအဖွင့် အမှာစကားပြောကြားပြီး၊ တောင်ကြီးမြို့မြန်မာရိုးရာ မဟာသင်္ကြန် ပွဲတော်ကို ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ နမ့်ခုံးရှမ်း တိုင်းရင်းသားများ ပရဟိတအသင်း ဒုတိယဥက္ကဌ ဦးစိုင်းကောင်း၊ တောင်ကြီးမြို့မြို့မိမြို့ဖ ဦးစွန်ကြိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ သင်္ကြန်ပွဲတော်အဖွင့်တွင် မန်းတောင်ရိပ်ခို(မြနန္ဒာ) တေးသီချင်းနှင့်ယိမ်းအဖွဲ့များအားလုံး အဖွဲ့လိုက် တူညီကကွက်များဖြင့် ပါဝင် ကပြကြပြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးများနှင့် ဧည့်သည်တော်များက ယိမ်းအဖွဲ့များအား အတာရေပက်ဖြန်းပေးကြသည်။



အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ  ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.