ထိုင်း သင်္ကြန် ပွဲတော်ရက်အတွင်း မြန်မာ အလုပ်ဆိုဒ်မှ အမျိုးသားနှစ်ဦး လိင်အင်္ဂါဖြတ်ပြီး အသတ်ခံရ


16-4-2016

ထိုင်းနိုင်ငံ နခေါ်န်ချိုင်ရ်စီမြို့ နယ်ရှိ ဆောက်လုပ်ရေးဝင်း တစ်ခုက အလုပ်သမားခေါင်းဆောင် (ထိုင်းအမည် နိုင် ကယ်ဟုဖေါ်ပြထား) အသက်(၅၀) တဦး နဲ့  တခြားအလုပ်သမားတစ်ဦး လိင်အင်္ဂါဖြတ်ကာ အသတ်ခံရပြီး ငါးကန်ထဲပစ်ချထားခဲ့တဲ့ ဖြစ်ရပ်( ၁၄- ၄ -၂၀၁၆ ) နေ့ က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်ဆိုဒ်နေရာမှာ ငါးကန်နှင့် ကပ်ရက်ဖြစ်ပြီး ကရင်နှင့်မြန်မာ အလုပ်သမားဦးရေ ဦးရေ ၁၀၀ခန့် ရှိကြောင်း ၊ သင်္ကြန်ပွဲတော်ရက် မှာ အများစုမှာ မြန်မာနိုင်ငံတွင်းသို့ ပြန်သွားခဲ့ကြလို့  အလုပ်သမား ၃၀ ခန့် သာကျန်နေကြပြီး ညပိုင်း မှာ အရက်ဝိုင်းတွေ လုပ်နေခဲ့ကြပါတယ်။

လူသတ်တရားခံတွေဟာ ကိုစိုးနိုင် အသက် (၂၁) နဲ့  ကိုရခိုင် အသက် (၂၂ ) ဖြစ်တယ်လို့  ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပြီး တရားခံတွေ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။


သေဆုံးသူ ထိုင်း အလုပ်သမားခေါင်းဆောင်နဲ့  တရားခံ မြန်မာနိုင်ငံသားနှစ်ဦးဟာ မိန်းမရှာ -လိင်တူချင်းဆက်ဆံနေသူ ဂိုဏ်းဝင်တွေ ဖြစ်ကြပါတယ်။

အခင်းမဖြစ်ခင်ညပိုင်းက အရက်အတူသောက်ကြရင်း မြန်မာ ယောက်ကျားလေးတယောက်ကို သူပိုင်ငါပိုင်လုကြရင်း စကားများကြရာကနေ လူသတ်မှု ဖြစ်သွားခဲ့ရတာပါ။

ယခုလူသတ်မှုနဲ့  ပါတ်သက်ပြီး ရဲတပ်ဖွဲ့ က အဆိုပါနေရာအနီးက တရားမ၀င် လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၆ ယောက် ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

By thairath.co.th..
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်း သင်္ကြန် ပွဲတော်ရက်အတွင်း မြန်မာ အလုပ်ဆိုဒ်မှ အမျိုးသားနှစ်ဦး လိင်အင်္ဂါဖြတ်ပြီး အသတ်ခံရ  ထိုင်း သင်္ကြန် ပွဲတော်ရက်အတွင်း မြန်မာ အလုပ်ဆိုဒ်မှ အမျိုးသားနှစ်ဦး လိင်အင်္ဂါဖြတ်ပြီး အသတ်ခံရ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.