ညောင်တုန်မြို့ တူးချောင်းကျေးရွာအနီး ယာဉ်တိုက်မှု ၁ ဦးသေဆုံး


ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ် ၊ ညောင်တုန်း - ရန်ကုန်ကားလမ်း ၊ တူးချောင်းကျေးရွာ နှင့်  သခွတ်ချောင်းကျေးရွာကြားတွင် ယနေ့ ၁၈ . ၄ . ၂၀၁၆ နေ့လည်ခင်း အချိန်တွင် ဆိုင်ကယ် နှင့် ထော်လာဂျီ ယာဉ် တိုက်မှုဖြစ်ပွားခဲ့သည်။


 ညောင်တုန်းမြို့သို့မောင်းနှင်လာသည့် ကုန်တင်ထွေလာဂျီယာဉ် ၃ စီးအတန်းလိုက်မောင်းနှင်လာရာ ညောင်တုန်းမြို့မှထွက်ခွာလာသည့် ဆိုင်ကယ်ယာဉ်မှာ နောက်ဆုံးမှ လိုက်ပါလာသော ထွေလာဂျီနှင့် တိုက်မိခဲ့ပြီး ဆိုင်ကယ်စီးသူ နှစ်ဦးအနက် တစ်ဦးမှာနေရာတွင် ပွဲချင်းပြီးသေဆုံး၍ ကျန်တစ်ဦးမှာပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

 ဒဏ်ရာရရှိသူအား ညောင်တုန်းမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့ ဆောင်လိုက် ရပါသည်။

ဆိုင်ကယ်စီးနှစ်ဦးမှာ အမြောင်းဒဓိကျေးရွာသားများဖြစ်ကြကြောင်း ရန်ကင်းသာကမ်းခြေသို့လာရောက်ခဲ့ပြီးအပြန်တွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရပြီး ယာဉ်တိုက်မှုဖြစ်သည့် ထွေလာဂျီယာဉ်မှာ ဆားမလောက်ကျေးရွာအရှေ့ပိုင်းမှဖြစ်သည်ဟုသိရသည်။

Photo credit : Ko Aung Naing Oo
# Shein Zin Phyo
ညောင်တုန်မြို့ တူးချောင်းကျေးရွာအနီး ယာဉ်တိုက်မှု ၁ ဦးသေဆုံး  ညောင်တုန်မြို့ တူးချောင်းကျေးရွာအနီး ယာဉ်တိုက်မှု ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.