အိုင်အက်စ်၏အမာခံဌာနချုပ် အယ်ကွာရာတင်မြို့အား ဆီးရီးယားတပ်မတော် သိမ်းပိုက်


ဒမတ်စကတ် ဧပြီ ၃

လွန်ခဲ့သောနှစ် သြဂုတ်လက အိုင်အက်စ်တို့ စတင်သိမ်းပိုက်ခဲ့သည့် ပါမာရာမြို့အနီးရှိ အယ်ကွာရာတင်မြို့အား ဆီးရီးယားတပ်မတော်က ယနေ့ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆာနာသတင်းအေဂျင်စီက ပြောကြားသည်။

ဆီးရီးယားတပ်ဖွဲ့များအနေဖြင့် ရုရှားစစ်လေယာဉ်များ၏ အကူအညီရယူကာ အဆိုပါမြို့အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်များက အိုင်အက်စ်တို့ထောင်ထားခဲ့သော ဗုံးများအားရှင်းလင်းပြီးနောက် ကွာရာတင်မြို့အတွင်းသို့ ဆီးရီးယားတပ်ဖွဲ့များဝင်ရောက်လာပြီဖြစ်ကြောင်းစစ်ဘက်မှ ပြောကြားသည်။

အိုင်အက်စ် အဖွဲ့၏ ခံစစ်များအားထိုးဖောက်ပြီး မြို့၏အနောက်ပိုင်း ခရစ်ယာန်များရှိရာဒေသအထိ ဆီးရီးယားတပ်ဖွဲ့များက ထိုးစစ်မြှင့်ကာ ကွာရာတင်မြို့ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါမြို့အားပြန်လည်သိမ်းပိုက်ရာတွင် ရုရှား လေယာဉ်များ၏ အခန်းကဏ္ဍမှာအရေးပါကြောင်း စစ်ဘက်မှပြောကြားသည်။

ဆာနာသတင်းအေဂျင်စီ၏ထုတ်ပြန်ချက်အရ ဆီးရီးယားလေတပ်ကလည်း အဆိုပါမြို့၏ အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းရှိ အိုင်အက်စ်တို့၏ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တောင်ကုန်းထူထပ်သော ဒေသတွင်ရှိသည့် ကွာရာတင်မြို့သည် အိုင်အက်စ်တို့၏ နောက်ဆုံးအမာခံစခန်းတစ်ခုဖြစ်ပြီး လက်ဘနွန်နယ်စပ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိုင်အက်စ်၏အမာခံဌာနချုပ် အယ်ကွာရာတင်မြို့အား ဆီးရီးယားတပ်မတော် သိမ်းပိုက်   အိုင်အက်စ်၏အမာခံဌာနချုပ် အယ်ကွာရာတင်မြို့အား ဆီးရီးယားတပ်မတော် သိမ်းပိုက် Reviewed by THITHTOOLWIN on 09:31 Rating: 5
Powered by Blogger.