သမ္မတအိမ်တော် သင်္ကြန် အခမ်းအနား ကျင်းပပြုလုပ်


၂၀၁၆ ခုနှစ် ဧပြီလ ၁၂ ရက်တွင် ကျရောက်သည့် သင်္ကြန်အကြိုနေ့ အခမ်းအနားအား နံနက် ၉ နာရီအချိန်မှ စတင်၍ သမ္မတအိမ်တော်တွင် သမ္မတဦးထင်ကျော်၏ ဇနီးမှ ဦးဆောင်ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။

"တပ်နှင်အရပ် တံတိုင်းကြီး ခြားနေမှုကို ဖြေလျော့ပြီ တစ်ဦးနှင့်တစ်ဦး ဆွေမျိုးညီအစ်ကိုသဖွယ် ပူးပေါင်ဆောင်ရွက်ကြဖို့၊ ကျန်းမာချမ်းသာပြီး မင်းဘေးမင်းဒဏ်မှ ကင်းလွတ်ကြပါစေ၊ တပ်နဲ့အရပ်ခြားနေတဲ့ မဟာတံတိုင်းကို တစ်ဖက်နှင့်တစ်ဖက် ရင်းနှီးချစ်ကြည်မှုနှင့် ဖယ်ရှားကြပါစို့"ဟု နှစ်သစ်နုတ်ခွန်းဆက် စကားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ပြောကြားသည်။


သင်္ကြန်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ Dr.မျိုအောင်နှင့်ဇနီး၊ သူရဦးရွှေမန်းနှင့်ဇနီးတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

သမ္မတအိမ်တော် သင်္ကြန် အခမ်းအနား ကျင်းပပြုလုပ်  သမ္မတအိမ်တော် သင်္ကြန် အခမ်းအနား ကျင်းပပြုလုပ် Reviewed by THITHTOOLWIN on 11:07 Rating: 5
Powered by Blogger.