ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၅ ရွာရှိ အိမ်ခြေရှစ်ထောင်ကျော် ရေပြတ်လပ်နေ


ပဲခူး ဧပြီ ၈

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေး ရွာပေါင်း ၃၅ ရွာတွင် ရေပြတ်လပ် မှု ဖြစ်ပေါ်နေသဖြင့် အဆိုပါ ကျေးရွာများရေရရှိရေး ဆောင်ရွက် ပေးနေကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ရေပြတ်လပ်မှု ကြုံတွေ့နေရ သည့် ကျေးရွာများမှာ အရှေ့ခြမ်း သနပ်ပင်မြို့နယ်တွင် ကျွဲတဲရွာ၊ ကသစ်ခုံရွာ၊ လောင်မီးချောင်းဝရွာ၊ကသစ်ဝိုင်ရွာ၊ မင်းရွာ၊ လောင်မီးရွာ၊ ထောင်မင်းရွာ၊ ဝေါမြို့နယ်တွင် တော၊ စွန်းရွာ၊ အဗျားထမင်းဆိုင်ရွာ၊ အင်းတိုင်စုရွာ၊ ဇီးဖြူကုန်းရွာ၊ စိုင်တီ စုရွာ၊ ပုဂံရွာ၊ ကဝမြို့နယ်တွင် ရွှေဘုံ သာရွာ၊ ရွှေတဆုပ်ရွာ၊ ကံတော်ရွာ၊ ပဲခူးမြို့နယ်တွင် ပေပင်ချောင်း ကျေးရွာ၊ ကလိရွာ၊ ရှမ်းရွာကြီးနှင့် ညောင်လေးပင်မြို့နယ်တွင်အောင်း ကြီးရွာ၊ တောင်ငူမြို့နယ်တွင် စပါး လင်ကုန်းရွာ၊ ရေဆင်းကုန်းရွာ၊ လယ်တပြင်ကွင်းရွာ၊ သဲတောရွာ၊ ငါးမိုင်ရွာ၊ ခြောက်မိုင်ရွာ၊ ပန်းတောင်း မြို့နယ်တွင် အောင်ချမ်းသာ (မကျီ စမ်း)ရွာ၊ အောင်ချမ်းသာ (ရေပြာ စမ်း)ရွာ၊ ရေတွင်းလှရွာ၊ သဲဖြူရွာ၊ သဲကုန်းမြို့နယ်တွင် ရွှေစုပင်(ဘုန်း ကြီးကျောင်း)၊ သင်တောရွာ၊ လိန်တန်း ရွာနှင့် ပေါင်းတည်မြို့နယ်၌ သပြေ ကြီးစုရွာ၊ ကိုယ်ဝန်ဆောင်ရွာတို့ဖြစ် ကြကြောင်း သိရသည်။
''ပဲခူးတိုင်းဒေသကြီးမှာတော့ အခြေအနေအဆိုးဆုံးက သနပ်ပင် မြို့နယ်နဲ့ ဝေါမြို့နယ်ထဲကကျေးရွာ အချို့ပေါ့။ အဆိုးဆုံးသနပ်ပင်မြို့ နယ်ထဲက ကျေးရွာအချို့ဆိုရင် တုံ ကင်တွေကရေငန်ပဲထွက်တယ်။ ကန် တွေခန်းခြောက်ကုန်တယ်။ အဲဒီ တော့ သောက်ရေ ယာယီကန်တွေ ပြုလုပ်ပေးပြီး ရေဖြည့်ပေးထားပါ တယ်။ နောက်ထပ် ကျေးရွာတွေ အတွက်လည်း ရေပြတ်လပ်မှု ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ရေး ကြိုတင်စီမံမှုတွေ လည်း ပြုလုပ်ထားပါတယ်''ဟု တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ဇင်ဇင်သက်က ပြောသည်။

အဆိုပါကျေးရွာများရှိ အိမ်ခြေ ၈၄ဝ၂ အိမ်မှ လူဦးရေစုစုပေါင်း ၄၁၈၉၆ ဦးအတွက် ရေသယ်ယာဉ် များဖြင့် ရေဖြန့်ဝေပေးခြင်း၊ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေသည့် အပြင် ရေကန်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၄ ရက် မှ ယနေ့အချိန်ထိစီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

သတင်းနှင့် ဓာတ်ပုံ
ပိန်းဇလုပ်သိန်းညွန့်၊ ကိုကိုနေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၅ ရွာရှိ အိမ်ခြေရှစ်ထောင်ကျော် ရေပြတ်လပ်နေ  ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၅ ရွာရှိ အိမ်ခြေရှစ်ထောင်ကျော် ရေပြတ်လပ်နေ Reviewed by THITHTOOLWIN on 08:34 Rating: 5
Powered by Blogger.