ရန်ကုန်သင်္ကြန် ထိခိုက်မှု များကြောင့် ၄ ဦးသေဆုံး၊ ၅ဝဝ နီးပါး ဒဏ်ရာရ

ရန်ကုန်ဆေးရုံကြီးကို တွေ့ရစဉ်။ Photo: Zarni Htun/RFA
ဒီနှစ်သင်္ကြန်အကြိုနေ့ကနေ ပထမအကြတ်နေ့အထိ ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာတွေကြောင့် ရောက်ရှိ လာတဲ့ လူနာပေါင်း ၅ဝဝ နီးပါးလောက်ရှိတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ရောက်ရှိလာတဲ့ လူနာအများစုဟာ ယာဉ်မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတာတွေက အများဆုံးဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောပါတယ်။

"ရောက်ရှိလာတဲ့လူနာတွေက ယာဉ်နဲ့တိုက်မှုတွေကြောင့်ရှိမယ်၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွား တာတွေကြောင့်ဖြစ်မယ်၊ တခြား မတော်တဆထိခိုက်ဒဏ်ရာရတာတွေရှိမယ်၊ အဲ့ဒါနဲ့ပတ်သက် ပြီးတော့ ရောက်ရှိလာတာတွေ များပါတယ်ခင်ဗျ၊ အရက်သေစာ သောက်စားမှုတော့ ရှိပါတယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲထားခြင်း ရှိ မရှိကတော့ ကျနော်တို့ သေချာစစ်ဆေးပြီးမှ ပြောလို့ ရနိုင်ပါမယ်ဖြစ်ပါတယ်ခင်ဗျ"

သင်္ကြန်အကြိုနေ့မှာ  ၁၅၈ ဦး၊ အကျနေ့မှာ ၁၅၄ ဦး၊ ပထမအကြတ်နေ့မှာ ၁၇၄ ဦး ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိ လာတာဖြစ်ပြီး အကြိုနေ့မှာ ၁ ဦး ၊ ပထမအကြတ်နေ့မှာ ၃ ဦးတို့ဟာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးပြီးမှ ရောက်ရှိ လာတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလထက်စာရင် ကျန်းမာရေးဝန်ထမ်းတွေကို ၂ ဆတိုးချဲ့ထားပြီး သွေးလိုအပ်ချက်အတွက် အမျိုးသားသွေးဌာနနဲ့လည်း ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် သင်္ကြန်ကာလတုန်းက ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ရောက် ရှိလာသူ ၉ဝဝ ကျော် ရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရန်ကုန်သင်္ကြန် ထိခိုက်မှု များကြောင့် ၄ ဦးသေဆုံး၊ ၅ဝဝ နီးပါး ဒဏ်ရာရ  ရန်ကုန်သင်္ကြန် ထိခိုက်မှု များကြောင့် ၄ ဦးသေဆုံး၊ ၅ဝဝ နီးပါး ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.