ပျောက်နေတဲ့ မိန်းခလေး ရုပ်အလောင်းနှင့် ဦးခေါင်းတို့ ဆက်စပ်မှုရှိမရှိ စစ်ဆေးနေ


 ပြီးခဲ့တဲ့ ဧပြီလ၂၂ရက်နေ့ နေ့ လည်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ်အတွင်းရှိ ရေမြောင်းထဲ၌ ဦးခေါင်းပြတ်နေသော အသက် ၆နှစ်အရွယ် မိန်းကလေး၏ အလောင်းတွေ့ရှိရပြီး ယင်းသို့တွေ့ရှိသောနေရာနှင့် လမ်းတစ်လမ်းသာခြားသော တစ်ခြားရေမြောင်းတစ်ခုထဲတွင် ဘာမှမရှိသော ဦးခေါင်းခွံတစ်လုံးကို
ထပ်မံ တွေ့ ရှိကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းနှင့် ဦးခေါင်းတို့ ဆက်စပ်မှုရှိမရှိကို ရဲကဆက်လက် စုံစမ်းလျှက်ရှိသည်။


ကာယကံရှင်မိသားစုများ၏ လိုက်လံရှာဖွေမှုဖြင့် အဆိုပါ ဦးခေါင်းခွံကိုတွေ့ရှိခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးရုံကြီးသို့ ပို့ထားပြီး ဆေးစစ်ချက်ရယူနိုင်ရန် ဆောင်ရွက်နေကြောင်းသိရပါသည်။

အဆိုပါဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်ရန် ဒေါပုံမြို့နယ်တပ်ဖွဲ့ မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်ကွတ်ကဲ၍ အပူတပြင်းစုံစမ်းနေကြောင်းသိရပါသည်။


အဆိုပါ ကလေးငယ်သည် သာကေတမြို့နယ်၊ သဒ္ဒါရုံ ၁လမ်းတွင် နေထိုင်ပြီး အလောင်းကိုမတွေ့မီ ၁၀ရက်ခန့်က ပျောက်ဆုံးနေသဖြင့် မိသားစုဝင်တို့က သတင်းစာထဲတွင်သာမက လူမှုကွန်ယက်Facebookတို့တွင်ဓာတ်ပုံနှင့်တကွ လူပျောက်ကြေငြာထားကြောင်းလည်း သိရပါသည်

သတင်း - ဓါတ်ပုံ Zaw Shinn (facebook)

by သစ်ထူးလွင်

ပျောက်နေတဲ့ မိန်းခလေး ရုပ်အလောင်းနှင့် ဦးခေါင်းတို့ ဆက်စပ်မှုရှိမရှိ စစ်ဆေးနေ  ပျောက်နေတဲ့ မိန်းခလေး ရုပ်အလောင်းနှင့် ဦးခေါင်းတို့ ဆက်စပ်မှုရှိမရှိ စစ်ဆေးနေ Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.