အဆိုတော်မြွှေကိုက် သီချင်းဆက်ဆိုလို့သေဆုံး


အင်ဒိုနီးရှားနာမည်ကျော်အဆိုတော် အသက် ၂၉နှစ်အမျိုးသမီးမစ်အိရာမီ ဘူလေသည် သီချင်းဆိုရင်း ပရိတ်သတ်များ ဆွဲဆောင်မှုရှိအောင် သူမ၏မွေဟောက်ကိုပါ ရှိုးပြသခဲ့ပါတယ်။ ပြသနေရင်း မတော်တဆခလုတ်တိုက်မိပြီး မြွေဟောက်အမြီးကို နင်းမိကာ မြွေဟောက်စိတ်ရိုင်းဝင်ပြီး သူမ၏ပေါင်ကို ကိုက်လိုက်ပါတယ်။

ဆေးရုံးဆေးခန်းလည်းသွားမပြ မြွေအဆိပ်ပြေဆေးလည်းမထိုးပဲ ရှေ့ဦးသူနာပြု အနည်းငယ်လုပ်ကာ ဆွဲမလျှော့တမ်းပဲ သီချင်းကိုပြီးအောင်ဆက်ဆိုပြီး ပြသမှုတွေ ဆက်လုပ်နေခဲ့ပါတယ်။


 ၄၅မိနစ်လောက်အကြာမှာ မြွေအဆိပ်ကိုမခံနိုင်တော့ပဲ အော့အန်ပြီး မူးလှဲခဲ့ပါတယ်။ အဲဒီတော့မှပဲ ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ကာ နောက်ဆုံးတော့ နာကြင်တဲ့ မြွေဟောက်အဆိပ်ကို ခံနိုင်အားမရှိတော့ပဲ အသက် ဆုံးရှုံးခဲ့ရပါတယ်။

ဤရှိုးပွဲကြောင့်သေဆုံးခဲ့ရတာ သူမရဲ့ပရိတ်သတ်တွေသိကြတဲ့အခါ ၀မ်းနည်းကြေကွဲကြောင်း comments တွေမြောက်များစွားပေးကြပါတယ်။

MTF Channel
https://www.facebook.com/mtftv
အဆိုတော်မြွှေကိုက် သီချင်းဆက်ဆိုလို့သေဆုံး အဆိုတော်မြွှေကိုက် သီချင်းဆက်ဆိုလို့သေဆုံး Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.