ဆိုးဝါးတဲ့ အိမ်မက်ကနေ ရုန်းထွက်ခဲတဲ့ အင်ဒိုသူတစ်ဦးရဲ့ အမေရိက အိပ်မက်ခရီး


ShandraWoworuntu ဟာ အင်ဒိုးနီးရှားက သာမန်အမျိုးသမီးတစ်ဦးပါ။ လွန်ခဲ့သော ၁၅နှစ်က အမေရိကန်သို့ မျှော်လင့်ချက်အိမ်မက် တစ်ခုနဲ့ ရောက်ရှိလာခဲ့ပေမယ့် ထိုအိမ်မက်က အိမ်မက်ဆိုးဖြစ်ခဲ့ပါတယ်။

Shandraက ပညာမဲ့သူတော့ မဟုတ်ပါဘူး။Finance ဘွဲ့ရသူတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှား မှာ လာဖွင့်တဲ့ နိုင်ငံတကာဘဏ် တစ်ခုမှာ Business Analysit နှင့် Dealer အဖြစ် ဝင်ငွေကောင်းခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၈ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အာရှတိုက်ရဲ့ စီးပွားရေး အကြပ်အတည်းကြောင့် သူမအလုပ်ကို ဆုံးရှုံးခဲ့ပါတယ်။ ဒီအချိန်မှာ သူမမှာ ၃နှစ်အရွယ် ရင်သွေးကိုကြီးပြင်းအောင် မွေးမြူရဦးမှာ ဖြစ်တဲ့ အတွက် အလုပ်သစ် တစ်ခုကို ရှာဖွေဖို့ သူမ ဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံး အမေရိကန်နိုင်ငံက ဟိုတယ် တစ်ခုရဲ့ ဧည့်ကြိုကောင်တာမှာ လုပ်ဖို့ သူမရွေးချယ်ခဲ့ပါတယ်။


ဒီအလုပ်ကို သူမဘာကြောင့် ရွေးချယ်ခဲ့သလဲ ဆိုတာက အဓိက လခ အလွန်မြင့်ပြီး တစ်လကို ဒေါ်လာ ၅၀၀၀ပေးမယ်လို့ ကြေညာထဲမှာ ပါလို့ပါဘဲ။ဒီနောက်မှာဘဲ Shandra ဟာ ပွဲစားကို ဒေါ်လာ ၂၇၀၀ ပေးပြီး အင်တာဗျူးဝင်ခဲ့ရပါတယ်။ဒီလိုနဲ့ Shandraအမေရိကန်သို့ရောက်သွားတယ်။ သူမနဲ့ အတူလိုက်လာတဲ့ သူတွေက သူမနဲ့ အခြေအနေတူတဲ့ မိန်းကလေးတွေဘဲ ဖြစ်ပါတယ်။


၂၀၀၁ ခုနှစ်ဇွန်လမှာ Shandra အမေရိကန်ရဲ့နာမည်ကြီးကနေဒီ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ဒီမှာဘဲ လေယာဉ်ကွင်းထွက်ပေါက်ကနေ သူတို့ကို လာကြိုတဲ့လူက သူမတို့အားလုံးရဲ့ပတ်စပိုစ်နဲ့ တခြားစာရွက် စာတမ်းတွေကို သိမ်းလိုက်ပြီး ကားတစ်စီး ဆီ ခေါ်သွားပါတယ်။အဲဒီကားက ဟိုတယ်ကို တိုက်ရိုက်မမောင်းဘဲ လမ်းမှာ ကားသုံး၊ လေးစီး လဲလှယ်ခဲ့ ပါတယ်။ဒီအချိန်က သူမ စိတ်ထဲ တစ်ခုခုကိုရိပ်မိသလိုရှိပေမယ့်
သေသေချာချာသိတဲ့အချိန်မှာတော့ သူမအတွက် လုံးဝနောက်ကျသွားပါပြီ။


သူမတို့အားလုံး အမေရိကန်ရောက်ပြီး နာရီပိုင်းအကြာမှာ လိင်လုပ်သားဘဝကို ရောက်ရှိသွားပါတော့တယ်။သူမတို့ကြုံရတဲ့ လူကုန်ကူးသမားများထဲမှာ အမေရိကန်၊ အင်ဒိုနီးရှား၊ ထိုင်ဝမ် နှင့် မလေးရှားတရုတ်တို့ ပါဝင်ပါတယ်။သူမတို့အားလုံးကို အတင်းအဓမ္မ လိင်လုပ်ငန်းပြု လုပ်ခိုင်းစေပြီးနည်းမျိုးစုံဖြင့်ခြိမ်းခြောက်ခဲ့ပါတယ်။Shandra ကို ညတိုင်းတည်းခိုခန်း၊ ကာစီနိုမျိုးစုံမှာ လူမျိုးစုံကို လိင်လုပ်သားအဖြစ် ဧည့်ခံဖို့ ပို့ဆောင်ခဲ့ပါတယ်။ဒါ့အပြင် သူမကိုမူးယစ်ဆေးဝါးစွဲရန် ပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့် သမီးငယ်အတွက် သူမရှိဖို့ လိုတယ်ဆိုတဲ့စိတ်နဲ့ ဒါတွေကို သူမတောင့်ခံနိုင်ခဲ့ပါတယ်။ တစ်ရက်မှာ သူမအတွက် အခွင့်အရေးတစ်ခုပေါ်လာပြီး လွတ်မြောက်အောင် ထွက်ပြေးလာနိုင် ခဲ့ပါတယ်။ ထွက်ပြေးရင်း လမ်းပေါ်တွင် ကြုံတွေ့သောစစ်သားတစ်ယောက် ရဲ့ အကူအညီ ကိုရရှိခဲ့ပြီး ရဲစခန်းကို တိုင်ကြားနိုင်ခဲ့ပါတယ်။ထို့နောက် ထိုလူကုန်ကူးသူများကို ဖမ်းဆီးနိုင်ခဲ့ပြီး သူမနဲ့ ဘဝတူမိန်းကလေးများကိုပါ ကယ်တင်နိုင်ခဲ့ပါတယ်။


ယခု Shandra က သူမလို ဖြစ်ပျက်ခဲ့တဲ့ အမျိုးသမီးများတွေကို ကူညီပေးဖို့ စေတနာရှင် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ထိုအဖွဲ့က ဘ၀ပျက်ခဲ့တဲ့ မိန်းကလေးများ အတွက် သာမန်သူလိုကိုယ်လို ဘဝမျိုးမှာ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ စိတ်အား လူအား အဘက်ဘက်မှ ကူညီပေးကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူမရဲ့ အဖြစ်အပျက်ကို အမျိုးသမီးငယ်များကို သင်ခန်းစာပေးဖို့ ကာတွန်းအဖြစ်ရေးသားဖြန့်ဝေခဲ့ပြီး သူမကိုယ်တိုင်လည်း မကြာခဏသင်ခန်းစာပေးဟောပြောပွဲ များ ပြုလုပ်ခဲ့ပါတယ်။


Shandra ဟာ အခုချိန်မှာတော့ အတိတ်က နာကြည်းဖွယ်တွေကို ခွာချပြီး အမျိုးသမီးငယ် အားလုံး သူမလို့ အဖြစ်မျိုး မကြုံဖိုအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေး နေပါတယ်။ ယခုချိန်မှာ တည်ငြိမ်တဲ့ ဘ၀တစ်ခုနဲ့ အလွန်လေးစားဖို့ကောင်းသောပုဂ္ဂိုလ် တစ်ယောက် အဖြစ်ကို သူမရရှိနေပါပြီ။

သုခ
china.com Myanmar
http://myanmar.china.com
ဆိုးဝါးတဲ့ အိမ်မက်ကနေ ရုန်းထွက်ခဲတဲ့ အင်ဒိုသူတစ်ဦးရဲ့ အမေရိက အိပ်မက်ခရီး  ဆိုးဝါးတဲ့ အိမ်မက်ကနေ ရုန်းထွက်ခဲတဲ့ အင်ဒိုသူတစ်ဦးရဲ့ အမေရိက အိပ်မက်ခရီး Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.